ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး သယ်ယူ ပို့ဆောင်ရေး စီမံကိန်းပါ တန် ၃၀ဝ မြစ်တွင်းသွား ကုန်တင်ရေယာဉ် (၆) စီး လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး သယ်ယူ ပို့ဆောင်ရေး စီမံကိန်းပါ တန် ၃၀ဝ မြစ်တွင်းသွား ကုန်တင်ရေယာဉ် (၆) စီး လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

  • ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး သယ်ယူ ပို့ဆောင်ရေး စီမံကိန်းပါ တန် ၃၀ဝ မြစ်တွင်းသွား ကုန်တင်ရေယာဉ် (၆) စီး လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ်၊ ဇွန်လ (၂၆) ရက် တနင်္လာနေ့ ၀၉:၅၀ နာရီ အချိန်၌် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုလားတန် ဆိပ်ကမ်းတွင် အခမ်းအနား စတင် ကျင်းပပါသည်။
  • အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Shri Vikram Misri (ချယ်ရီ ဗီကရမ် မီဆရီ) တို့က အဖွင့် အမှာစကားများ ပြောကြားကြပြီး၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ပြည်နယ် ဝန်ကြီးချုပ် (ကိုယ်စား) လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦအောင်ကျော်ဇံင ကျေးဇူးတင် စကား ပြန်လည် ပြောကြား ပါသည်။ ထို့နောက် အိန္ဒိယ သံအမတ်ကြီးက ရေယာဉ် (၆) စီးနှင့် သက်ဆိုင်သည့် စာရွက် စာတမ်းများအား ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထံ လွှဲပြောင်း ပေးအပ် ပါသည်။
  • ဆက်လက်၍ သံအမတ်ကြီးက ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ် အစိုးရ အဖွဲဝင် တို့အား အမှတ်တရ ပစ္စည်းများ ပေးအပ်ပြီး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ (ကိုယ်စား) လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးက ပြည်ထောင်စု ဝန်ကြီးနှင့် သံအမတ်ကြီး တို့အား လက်ဆောင် ပစ္စည်းများ ပြန်လည် ပေးအပ် ပါသည်။
  • ထို့နောက် အမှတ်တရ စုပေါင်း မှတ်တမ်းတင် ရိုက်ကူးကြပါသည်။
  • ဆက်လက်၍ ​ဆိပ်​ခံ တံတား​ပေါ်တွင်​ ရခိုင်​မင်္ဂလာ စည်​​တော်​ တီးခတ်​ပြီး ပြည်​​ထောင်​စု ဝန်​ကြီး၊ အိန္ဒိယ သံအမတ်​ကြီးနှင်​့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးတို့က ကုလားတန် ရေယာဉ် (၆) စီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ရေယာဉ်ပေါ်သို့ တက်ရောက် ကြည့်ရှု့ စစ်ဆေးကြပါသည်။
  • ၁၁:၀၀ အချိန်တွင် ကုလားတန် ရေယာဉ် ၆ စီးလွှဲပြောင်းပေး အပ်ပွဲ အောင်မြင်စွာ ပြီးဆုံး ခဲ့ပါသည်။
  • အဆိုပါ တန်ချိန် (၃၀ဝ) မြစ်တွင်း သွားရေယာဉ် (၆) စီး တည်ဆောက်ခြင်း လုပ်ငန်းကို Essar Project (India) Co., Ltd. မှ လုပ်ငန်း အပ်နှံချက်အရ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးက လက်ခံ တည်ဆောက်ပေး ခဲ့ခြင်းဖြစ်ပြီး၊ ရေယာဉ်များ၏ အရွယ်အစားမှာ အလျား ၄၅ မီတာ၊ ဗျက် ၉.၅ မီတာ၊ ဇောက် ၂.၃ မီတာနှင့် ရေစူူး ၁.၅ မီတာရှိပြီး၊ တန် (၃၀၀) တင်ဆောင်နိုင်ကာ အမြန်နှုန်း တစ်နာရီလျှင် ရေမိုင် (၈) မိုင်နှုန်း ရှိ ပါသည်။
  • ကုလားတန် မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်း သယ်ယူပို့ဆောင်ရေး စီမံကိန်းကို အိန္ဒိယနိုင်ငံ အစိုးရ၏ အကူအညီ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့့် စီမံကိန်းဖြစ်ပြီး၊ ကုလားတန် ​ရေယဉ်​ ၆ စီးအား အိန္ဒိယ အစိုးရမှ မြန်မာနိုင်ငံအစိုးရ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသို့ အိန္ဒိယ-မြန်​မာ ချစ်​ကြည်​​ရေး အထိမ်​းအမှတ်အဖြစ် ​ပေးအပ်​ခြင်း ဖြစ်ပါသည်။ အဆိုပါ ရေယာဉ် များဖြင့် ရခိုင်​ပြည်​နယ်​ နှင်​့ အိန္ဒိယနိုင်​ငံ၏ ပို့ကုန်​၊ သွင်​းကုန်​ ပစ္စည်း​များအား အိန္ဒိယ ဆိပ်​ကမ်း​နှင်​့ ရခိုင်​ပြည်​နယ်​ရှိ ဆိပ်​ကမ်​းများ၊ ချင််​းပြည်​နယ်​ ပလက်​ဝထိ လွယ်​ကူ မြန်​ဆန်​စွာဖြင်​့ တိုက်​ရိုက် ​သယ်​ယူ ပို့​ဆောင်​နိုင်​​မည် ​ဖြစ်ပါသည်​။