“ကစ္ဆပနဒီ-၃” အမြန် ရေယာဉ်ကို တင်ဆောင်လာသည့် ရေယာဉ်တင် သင်္ဘောကြီး "M.V ISUZU (Voy.No.034)" ကျောက်ဖြူ ဆိပ်ကမ်းသို့ ရောက်ရှိကာ “ကစ္ဆပနဒီ-၃” အမြန် ရေယာဉ်ကို ရေချ ပြီးစီး။

ဂျပန် နိုင်ငံအစိုးရ စီးပွားရေးနှင့် လူမှုရေး တိုးတက် ဖွံ့ဖြိုးရေး အစီအစဉ် The Economic and Social Development Programme FY 2016 အစီအစဉ်အရ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲတွင် အသုံးပြုရန်အတွက် ဂျပန်နိုင်ငံ ပြည်သူများက ပေးအပ် လှူဒါန်းသည့် ကမ်းရိုးတန်းသွား “ကစ္ဆပနဒီ-၃” အမြန် ရေယာဉ် အသစ်ကို ရေယာဉ်တင် သင်္ဘောကြီး "M.V ISUZU (VOY.NO.034)" ပေါ်သို့ တင်ဆောင်ပြီး ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းမှ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့တွင် ထွက်ခွာလာခဲ့ရာ  အဆိုပါ ရေယာဉ်တင် သင်္ဘောကြီး သည် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့သို့ မတ်လ (၈) ရက်နေ့ နံနက် (၁၁၃၀) နာရီ အချိန်တွင် ရောက်ရှိခဲ့သည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဉီးဆောင် ညွှန်ကြားရေးမှူး ဉီးဇော်ဝင်း  ဉီးဆောင်သည့်  ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဌာနတို့မှ တာဝန်ရှိသူများ၊ ကျောက်ဖြူမြို့ရှိ ဌာန ဆိုင်ရာများနှင့် သင်္ဘော ကုမ္ပဏီမှ တာဝန်ရှိ သူများက အဆိုပါ ရေယာဉ်ပေါ်သို့ တက်ရောက်၍ ရေယာဉ်အား ဆိပ်ကမ်း အဝင် စစ်ဆေးခြင်းနှင့် သင်္ဘောကြီးပေါ်မှ ရေချခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ (၁၅၃၀) နာရီ အချိန်တွင် “ကစ္ဆပနဒီ (၃)” ကို ရေယာဉ်တင် သင်္ဘောကြီးပေါ်မှ ကောင်းမွန်စွာ ချယူနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယခု ရောက်ရှိလာသည့်  “ကစ္ဆပနဒီ (၃)” ရေယာဉ်ကို ကျောက်ဖြူ ဆိပ်ကမ်းတွင် ဆိုက်ကပ် ရပ်နား၍ ဂျပန်နိုင်ငံမှ ကျွမ်းကျင် အင်္ဂျင်နီယာများက ရေယာဉ်တွင် လိုအပ်သည့် ပစ္စည်းများ တပ်ဆင်ခြင်း လုပ်ငန်း ကို မတ်လ (၉) ရက်နေ့မှ (၁၁) ရက်နေ့အထိ ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ မတ်လ (၁၂) ရက်နေ့တွင် စမ်းသပ် မောင်းနှင်ခြင်း ပြုလုပ်ပြီးနောက် “ကစ္ဆပနဒီ (၃)” ရေယာဉ်ကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသို့ လွှဲပြောင်း ပေးအပ်သွားမည် ဖြစ်ပါသည်။  ဆက်လက်၍ “ကစ္ဆပနဒီ (၃)” ရေယာဉ်တွင် တာဝန်ထမ်းဆောင် ကြမည့်  ရေယာဉ် ဝန်ထမ်းများကို ရေယာဉ် စနစ်တကျ မောင်းနှင်နိုင်ရန် ဂျပန် ပညာရှင်များက ကျောက်ဖြူမြို့တွင် မတ်လ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့ အထိ ရက်တို သင်တန်း ပို့ချသွားမည် ဖြစ်ကြောင်းနှင့် ရေယာဉ် လက်တွေ့ မောင်းနှင်ခြင်း သင်တန်း ပြီးဆုံးပါက ကျောက်ဖြူမြို့မှ စစ်တွေမြို့သို့ ခုတ်မောင်း ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံမှ ပေးပို့ လှူဒါန်းသည့် “ကစ္ဆပနဒီ (၃)” ရေယာဉ်ကို အလူမီနီယံ ကိုယ်ထည်ဖြင့် တည်ဆောက်ထားပြီး အလျား (၃၄.၇၁) မီတာ၊ အနံ (၆.၀) မီတာ၊ စောက် (၂.၇) မီတာနှင့်  ရေစူး (၁.၂၆) မီတာ ရှိပြီး၊ ခရီးသည် (၁၅၀) ဦး နှင့် ရေယာဉ်ဝန်ထမ်း (၁၀) ဉီး တင်ဆောင်နိုင်ကာ တစ်နာရီလျှင် ရေမိုင် (၂၀) မို င်နှုန်း  မောင်းနှင်နိုင်သည့် ကမ်းရိုးတန်းသွား အမြန်ရေယာဉ် ဖြစ်ကြောင်း သိရသည်။
 

kispanadi3

 

anchorage

 

kispanadi3

 

kispanadi3

 

kispanadi3

 

kispanadi3