ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲ ရေယာဉ်ခရီးလမ်းများပုံမှန်ပြေးဆွဲပေးလျှက်ရှိခြင်း

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲရှိ အောက်ဖေါ်ပြပါ ရေယာဉ်ခရီးလမ်းများအား ပုံမှန်ပြေးဆွဲပေးလျှက်ရှိပါသည်-

စစ်တွေ-မြေပုံ- ကျောက်ဖြူ ခရီးလမ်း

စစ်တွေ-မြေပုံ- ကျောက်ဖြူ ခရီးလမ်း အား တစ်ပတ်လျှင်(၁)ခေါက် (ဗုဒ္ဓဟူး)  နေ့ရက်တွင် ကစ္ဆပနဒီ-၁ ရေယာဉ်ဖြင့်   စစ်တွေဆိပ်ကမ်းမှနံနက်(၀၆:၃၀) အချိန် တွင် စတင်ထွက်ခွာပြီး၊ မြေပုံဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီး၊ ကျောက်ဖြူ ဆိပ်ကမ်းသို့  (၁၄ : ၀၀) အချိန်တွင်  ရောက်ရှိပါသည်။

ကစ္ဆပနဒီ(၁)ရေယာဉ်
ကစ္ဆပနဒီ အမျိုးအစားရေယာဉ်ပုံ

စစ်တွေ-ကျောက်ဖြူ (တိုက်ရိုက်) ခရီးလမ်း

စစ်တွေ-ကျောက်ဖြူ (တိုက်ရိုက်) ခရီးလမ်းအား  တစ်ပတ်လျှင် (၁)  ခေါက် (စနေ) နေ့ရက်တွင် ကစ္ဆပနဒီ-၃ ရေယာဉ်ဖြင့်  စစ်တွေဆိပ်ကမ်းမှ နံနက်(၀၆:၃၀) အချိန်တွင် စတင်ထွက်ခွာပြီး၊ ကျောက်ဖြူဆိပ်ကမ်းသို့  (၁၂ : ၃၀) အချိန်တွင်ရောက်ရှိပါသည်။ ယခုအခါ မိုးတွင်းကာလဖြစ်၍ ခရီးလမ်းအား ယာယီရပ်နားထားပါသည်။

ကစ္ဆပနဒီ(၃)ရေယာဉ်
ကစ္ဆပနဒီ-၃ ရေယာဉ်ပုံ

 

စစ်တွေ-ဘူးသီးတောင်ခရီးလမ်း

စစ်တွေ-ဘူးသီးတောင် ခရီးလမ်းအား  တစ်ပတ်လျှင်  (၃)  ခေါက်   (အင်္ဂါ၊ ကြာသပတေး၊ စနေ)  နေ့ရက်များတွင်   အောင်တံခွန် ရေယာဉ်များဖြင့်   စစ်တွေ ဆိပ်ကမ်းမှ နံနက်(၀၆:၃၀)အချိန်တွင် စတင်ထွက်ခွာပြီး၊ ရသေ့တောင်၊ ညောင်ချောင်း ဆိပ်ကမ်းစဉ်အလိုက်ဆိုက်ကပ်ပြီး၊ ဘူးသီးတောင်ဆိပ်ကမ်းသို့ (၁၇:၀၀)အချိန်တွင် ရောက်ရှိပါသည်။

အောင်တံခွန်(၁)ရေယာဉ်
အောင်တံခွန်အမျိုးအစားရေးယာဉ်ပုံ

ကျားမသောက်(ရေချမ်းပြင်) - အငူမော် ကားဇက်ကူးတို့လမ်း

ကျားမသောက်(ရေချမ်းပြင်) - အငူမော် ကားဇက်ကူးတို့လမ်းအား ဇက်-၂၀၃ ရေယာဉ်ဖြင့် ကျားမသောက်ဆိပ်ကမ်းမှ နေ့စဉ် နံနက် (၀၇:၃၀) အချိန်တွင်  စတင် ထွက်ခွာပြီး၊   အငူမော်ဆိပ်ကမ်းသို့   (၈:၂၀) အချိန်တွင် ရောက်ရှိပါသည်။

ဇက်-၂၀၃ ရေယာဉ်ပုံ
ဇက်-၂၀၃ ရေယာဉ်ပုံ