ချယ်ရီရေယာဉ် (၃) စီးအား တင်ဆောင်လာသည့် ရေယာဉ်တင် သင်္ဘောကြီး MV Paula ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခြင်း

ချယ်ရီရေယာဉ် (၃) စီးအား တင်ဆောင်လာသည့် ရေယာဉ်တင် သင်္ဘောကြီး MV Paula ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိခြင်း

●  ဂျပန်နိုင်ငံအစိုးရ JICA အကူအညီဖြင့် ဂျပန်နိုင်ငံ ဟီရိုရှီးမားခရိုင်၊ အီတာဂျီးမားမြို့ရှိ နာကာတာနီ သင်္ဘောကျင်းတွင် တည်ဆောက် ပြီးစီးခဲ့သော ပန်းဆိုးတန်း-ဒလ ကူးတို့လမ်းသွား ချယ်ရီရေယာဉ် (၃) စီး အား ရေယာဉ်တင် သင်္ဘောကြီး MV Paula၊ဖြင့် တင်ဆောင်၍ (၁၉.၁၀.၂၀၁၄) ရက်နေ့တွင် ဂျပန်နိုင်ငံမှ စတင် ထွက်ခွာ လာခဲ့ရာ (၂၉.၁၀.၂၀၁၄) ရက်နေ့ နံနက် (၀၇း၃၀) နာရီ အချိန်တွင် ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပါသည်။
●  ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦး၀င်းဖေသည် အထွေထွေမန်နေဂျာ ဦးမောင်မောင်လွင်၊ ရေကြောင်းဌာနမှူးချုပ် ဦး၀င်းသိန်း၊ ဒုတိယ အထွေထွေမန်နေဂျာ (အင်ဂျင်နီယာ) ဦးစိုးမြင့်၊ ဒလသင်္ဘောကျင်း အင်ဂျင်နီယာမှူးကြီး ဦးဌေးအောင် နှင့် တာ၀န်ရှိသူများ၊ ရေကြောင်း ပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ ချယ်ရီရေယာဉ်များ တည်ဆောက်ပေးခဲ့သည့် ဂျပန်နိုင်ငံ၊  နာကာတာနီ သင်္ဘောကျင်းမှ ဥက္ကဌ Mr. Toshiyoshi Nakatani နှင့် ၀န်ထမ်းများ၊ Fisheries Engineering Co., Ltd. မှ ဒါရိုက်တာ Mr. Toyonori Watanabe နှင့် တာ၀န်ရှိသူများနှင့်အတူ MV Paula ပေါ်သို့တက်ရောက်ပြီး ချယ်ရီရေယာဉ်များအား ကြည့်ရှု့ စစ်ဆေးပြီး ချယ်ရီရေယာဉ်များနှင့် စက်အရန် ပစ္စည်းများ MV Paula ပေါ်မှ ချယူနိုင်ရေး ညှိနှိုင်းဆောင်ရွက် ခဲ့ပါသည်။
●  (၃၀.၁၀.၂၀၁၄) ရက်နေ့ (၀၈း၀၀) နာရီ အချိန်တွင် ချယ်ရီ (၁) ရေယာဉ်အား စတင်ချယူမည်ဖြစ်ပြီး ၄င်းနေ့တွင် အချိန်ရရှိပါက ချယ်ရီ (၃) ရေယာဉ်အား ဆက်ချ ယူသွားည် ဖြစ်ပါသည်။ ချယ်ရီ (၂) ရေယာဉ်အား (၃၁.၁၀.၂၀၁၄) ရက်နေ့တွင် ချယူသွားမည် ဖြစ်ပါသည်။