ရန်ကုန်မြစ်တွင်းသွား ကူးတို့ရေယာဉ် (၃) စီးနှင့် ဒလကူးတို့ဆိပ် ခရီးသည် နားနေဆောင်နှင့် (၂) လမ်းသွား ဆိပ်ခံတံတား (၂) စင်း လွှဲပြောင်းပေးခြင်း အခမ်းအနား ကျင်းပမည်

ရန်ကုန်မြစ်တွင်းသွား ကူးတို့ရေယာဉ် (၃) စီးနှင့် ဒလကူးတို့ဆိပ် ခရီးသည် နားနေဆောင်နှင့် (၂) လမ်းသွား ဆိပ်ခံတံတား (၂) စင်း လွှဲပြောင်းပေးခြင်း အခမ်းအနား ကျင်းပမည်

●  ဂျပန်နိုင်ငံအစိုးရ (JICA) ၏ အထောက်အပံ့ဖြင့် ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့၊ အီတာဂျီးမားကျွန်းရှိ နာကာတာနီ သင်္ဘောကျင်းတွင် တည်ဆောက်သည့် ရန်ကုန်မြစ် တွင်းသွား ချယ်ရီ (၁)၊ ချယ်ရီ (၂)၊ ချယ်ရီ (၃) ကူးတို့ရေယာဉ်သစ် (၃) စီး လွှဲပြောင်းပေးခြင်း အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ  ၁၅ ရက် (စနေနေ့) (၀၉း၃၀) နာရီ အချိန် နန်းသီတာ ဆိပ်ကမ်းတံတားတွင်လည်းကောင်း၊
●  အသစ်ပြန်လည် တည်ဆောက်ပေးသော ဒလကူးတို့ဆိပ် ခရီးသည် နားနေဆောင်နှင့် (၂) လမ်းသွား ဆိပ်ခံတံတား (၂) စင်း လွှဲပြောင်းပေးခြင်း အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ  ၁၅ ရက် (စနေနေ့) (၁၀း၃၀) နာရီ အချိန် ဒလသင်္ဘော ဆိပ်ကမ်းတွင် လည်းကောင်း ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။