မိုးလေဝသနှင့် ဇလ‌ဗေဒညွှန်ကြားမှု ဦးစီးဌာနမှ (၇.၁၁.၂၀၁၄) ရက်နေ့ (၀၆၀၀) နာရီ အချိန် ထုတ်ပြန်သည့် မုန်တိုင်းသတင်း

မိုးလေဝသနှင့် ဇလ‌ဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သည့် မုန်တိုင်းသတင်း
(၂၀၁၄ခုနှစ်၊ နို၀င်ဘာလ (၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၀၆း၀၀) နာရီ အချိန် ထုတ်ပြန်ချက်)

●  ယနေ့မြန်မာ စံတော်ချိန် (၀၅း၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် အလယ်ပိုင်း တွင်ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် သိသိသာသာရွေ  ့လျားခြင်း မရှိဘဲ မြန်မာနိုင်ငံ၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် (၄၈၀) ခန့်၊ အိန္ဒိယနိုင်ငံ၊ ပို့ဘလဲ(လ်) ယားမြို့၏ အနောက်မြောက် မိုင် (၃၇၀) ခန့်နှင့် ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် (၃၁၀) ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေ ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် ပိုမို အားကောင်းလာကာ နောက် (၁၂) နာရီ အတွင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ် သို့ရောက်ရှိနိုင်ပြီး၊ အနောက်မြောက် ဘက်သို့ ဆက်လက် ရွေ့လျားမည်ဟု ခန့်မှန်းရ ပါသည်။
●  မုန်တိုင်းငယ်သည် မြန်မာ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနေခြင်း မရှိသည့်အတွက် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။
●  မုန်တိုင်းငယ်၏ အရှိန်ကြောင့် စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာ၀တီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင်နေရာ စိပ်စိပ်မှနေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး ၊ဒေသအလိုက် နှင့်နေရာကွက်၍ မိုးကြီးနိုင် ပါသည်။
●  မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင် ပါသည်။မိုးသက်လေပြင်း ကျစဉ်ရေပြင် /လေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ် နိုင်ပါသည်။