အင်ဂျင်နီယာဌာန

အင်ဂျင်နီယာဌာန၏သမိုင်းအကျဉ်း
ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၊ အင်ဂျင်နီယာ ဌာနသည် ခရ သက္ကရာဇ် ၁၈၆၅ ခုနှစ်၊ “ဧရာဝတီ ဖလိုတီလာ ကုမ္ပဏီ” စတင် ပေါ်ပေါက် ချိန်မှစ၍ အင်ဂျင်နီယာဌာနအား စတင် ဖွဲ့စည်းခဲ့ကြောင်း သိရှိရပါသည်။ ယင်းအချိန် ထက်စော၍ ၁၈၅၂ ခုနှစ်ဆန်းတွင် အင်္ဂလိပ် အစိုးရသည် ဒလ သင်္ဘောကျင်းအား စတင် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံခြားသား အင်ဂျင်နီယာများနှင့် မြန်မာ အမျိုးသားများ တွဲဖက်၍ အိန္ဒိယနိုင်ငံနှင့် အနောက်နိုင်ငံများမှ ကနဦး တည်ဆောက် ခဲ့သော ရေယာဉ် အစိတ်အပိုင်းများကို ဒလ သင်္ဘောကျင်းတွင် အပြီးသတ် ရွဲတပ်ဆင်ပြီး၊ မြန်မာနိုင်ငံ ဧရာဝတီ မြစ်ကြောင်း တလျှောက်တွင် ရေနွေးငွေ့စက် ဘွိုင်လာများကို တပ်ဆင်လျှက် ပဲ့ရဟတ်နှင့် ဘေးရဟတ် သစ်သား ယက်မပြားများ အသုံးပြုပြီး၊ မြန်မာနိုင်ငံ ရေကြောင်းများတွင် ပြေးဆွဲခဲ့ကြောင်း သိရှိရပါသည်။ ၁၈၆၈ ခုနှစ်တွင် “Colonel Phayre” အမည်ရှိ ရေယာဉ်ဖြင့် မန္တလေး/ဗန်းမော် ခရီးစဉ်ကို စတင် ပြေးဆွဲခဲ့ပြီး ၁၈၆၉ ခုနှစ်တွင် အလျား ၂၄၅ ပေရှိ Mandalay သင်္ဘောဖြင့် ရန်ကုန်-မန္တလေး ခရီးစဉ်ကို အင်္ဂလိပ် အစိုးရမှ စတင် ပြေးဆွဲချိန် ကစပြီး အင်ဂျင်နီယာ ဌာနသည် ပေါ်ပေါက်ခဲ့ကြောင်း သိရှိရပါသည်။ အင်ဂျင်နီယာဌာန လက်အောက်တွင် အောက်ပါ ဌာနခွဲများ ရှိပါသည်။
စဉ် | သင်္ဘောကျင်းအမည် | လွန်းလမ်း အရေအတွက် | တစ်ကြိမ် တင်နိုင်သည့် ရေယာဉ်စီးရေ | အများဆုံး ကျင်းတင်နိုင်သည့် တန်ချိန် |
၁။ | ဒလသင်္ဘောကျင်း | ၁၄ | ၃၄ စီး | ၁၄၀၀ တန် |
၂။ | ဒဂုံဆိပ်ကမ်းသင်္ဘောကျင်း | ၁၄ | ၃၁ စီး | ၅၀၀ တန် |
၃။ | မန္တလေးသင်္ဘောကျင်း | ၁ | ၅ စီး | ၃၀၀ တန် |
၄။ | သံလွင်သင်္ဘောကျင်း | ၂ | ၂ စီး | ၃၀၀ တန် |
၅။ | စစ်တွေသင်္ဘောကျင်း | ၁ | ၅ စီး | ၂၅၀ တန် |
၆။ | ချင်းတွင်းသင်္ဘောကျင်း | ၁ | ၃ စီး | ၂၅၀ တန် |
ပေါင်း | ၃၃ | ၈၀ စီး |