အဓိကဆောင်ရွက်ပေးရသည့် လုပ်ငန်းများနှင့် ရေယာဉ်အင်အား
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသည် နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး အဓိက ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများမှာ-
- မြန်မာနိုင်ငံအတွင်း ရေယာဉ်များ သွားလာနိုင်သည့် မြစ်ကြီးများ ဖြစ်သည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ် ၊မြစ်ဝကျွန်းပေါ် ဒေသများ၊ ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်ရှိ မြစ်ကြောင်းများတွင် ခရီးသည်နှင့် ကုန်စည်များ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း။
- ခရီးသည်နှင့် မော်တော်ယာဉ်များ သွားလာမှု အဆင်ပြေစေရေး အတွက် ကူးတို့လမ်းများ ပြေးဆွဲခြင်း တို့ ဖြစ်ပါသည်။

အများပြည်သူသယ်ယူပို့ဆောင်ပေးနိုင်မှုအခြေအနေ
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်မြို့ တဖက်ကမ်းရှိ ဒလမြို့နယ်တို့မှ ပြည်သူလူထုများရန်ကုန်မြို့သို့ လုံခြုံချောမွေ့စွာ ကူးသန်း သွားလာနိုင်ရေးတွက် ရန်ကုန်-ဒလ ရေယာဉ် ကူးတို့လမ်းအား ဂျပန်နိုင်ငံမှလှူဒါန်းထားသည့် ချယ်ရီအမျိုးအစားရေယာဉ် သစ်များဖြင့် တစ်ရက်လျှင် အခေါက်အရေ ၄၁ ခေါက် ပြေးဆွဲ ပေးလျက်ရှိပါသည်။

ရေယာဉ်အင်အားစာရင်း (၁.၇.၂၀၂၆)
| စက်ရှိရေယာဉ် | ၁၁၅ စီး |
| စက်မဲ့ရေယာဉ် | ၆၂ စီး |
| ဆိပ်ခံ | ၃၁ စီး |
| စုစုပေါင်း | ၂၀၈ စီး |
ကွန်တိန်နာသယ်ယူပို့ဆောင်မှု အခြေအနေ
ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် ရန်ကုန်မြို့တွင်း ယာဉ်ကြောကြပ်တည်းမှုလျော့ချ နိုင်ရေးနှင့် ပို့ကုန် ၊ သွင်းကုန် ကုန်စည်များစီးဆင်းမှုလျင်မြန်စေရေးနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင် စရိတ်များကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ပြီး ဌာနပိုင် ကွန်တိန်နာတင်ရေယာဉ် ၊ တွဲယာဉ်များဖြင့် ရန်ကုန်မြစ်တွင်း သီလဝါဆိပ်ကမ်းမှ ရွှေပြည်သာမြို့နယ်ရှိဆိပ်ကမ်းများ ၊ လှိုင်သာယာမြို့နယ်များရှိဆိပ်ကမ်းများ၊ ဆူးလေဆိပ်ကမ်း၊ အလုံမြို့နယ်ရှိ အေးရှားဝေါလ်ဆိပ်ကမ်းများသို့ ပေ ၂၀ ၊ ပေ ၄၀ အရွယ်အစားရှိသော ကွန်တိန်နာ သေတ္တာများကို သယ်ယူပို့ဆောင်ပေးသည့် လုပ်ငန်းဆောင်ရွက်လျက်ရှိပါသည်။


ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ် ပြေးဆွဲမှုအခြေအနေ
နယ်စပ်ကုန်သွယ်ရေး ( Border Trade)များအနေဖြင့် နယ်စပ်ဝင်ပေါက်များတွင် လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများအပေါ်မူတည်၍ ကုန်စည်စီးဆင်မှုနည်းပါးလာခဲ့ပြီး ရေလမ်းခရီးလမ်းမှ ကုန်စည်များစီးဆင်းမှုပိုမိုများလာသဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနအနေဖြင့် မြစ်တွင်းသွားခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးမှ ကမ်းရိုးတန်းသွားရေကြောင်း သယ်ယူပို့ ဆောင်ရေး(Coastal Transportation)အဖြစ် ပြောင်းလဲပြေးဆွဲနိုင်ရန်စီမံခဲ့ပါသည်။
ဌာနပိုင်ဇက်-၃၀၁ ကမ်းထိုးရေယာဉ်အား ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်အဖြစ် ပြုပြင်၍ Renovate-Operate-Transfer (ROT) စနစ်ဖြင့် ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပြီး ရန်ကုန် - ကော့သောင်း - ရနောင်း ခရီးစဉ်ကို ပြေးဆွဲလျက်ရှိပြီး ထပ်မံ၍ ကမ်းရိုးတန်းသွားကုန်တင် ရေယာဉ်များဝယ်ယူပြီး ပြေးဆွဲသွားရန် စီမံဆောင်ရွက်လျက်ရှိပါသည်။

ရေယာဉ်/တွဲယာဉ် အားလုံးဖြင့် တစ်ကြိမ်တွင် တင်ဆောင်နိုင် စွမ်းအား

| (က) | ကုန်တန်ချိန် | ၆၆၀၅၀ | တန် |
| ( ခ ) | - ခရီးသည် (ခရီးတို) | ၅၃၆၆၆ | ဦး |
| - ခရီးသည် (ခရီးရှည်) | ၃၆၂၇၁ | ဦး |
တစ်နှစ်လျှင် ပျမ်းမျှ ခရီးသည် (၁၉) သန်းကျော်၊ ကုန်တန်ချိန် (၃) သန်းကျော် ပို့ဆောင်ပေးနိုင်ပါသည်။
ဌာနခွဲ (၆)ခု၏ ခရီးသည်/ကုန်တင် ခရီးလမ်း မိုင်ပေါင်း
| စဉ် | ဌာနခွဲ | ခရီးလမ်းမိုင်ပေါင်း | |
| (က) | ကုန်ပို့ဆောင်ရေးဌာနခွဲ | ၁၃၂၆ | မိုင် |
| ( ခ) | မြစ်ဝကျွန်းပေါ်ဌာနခွဲ | ၂၆၃ | မိုင် |
| ( ဂ) | ဧရာဝတီဌာနခွဲ | ၆၀၉ | မိုင် |
| (ဃ) | ချင်းတွင်းဌာနခွဲ | ၄၅၄ | မိုင် |
| ( င) | သံလွင်ဌာနခွဲ | − | မိုင် |
| ( စ) | ရခိုင်ဌာနခွဲ | ၃၀၄ | မိုင် |
| စုစုပေါင်း | ၂၉၅၆ | မိုင် | |

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက ပြေးဆွဲနေသော ရေယာဉ် ခရီးလမ်းများ | ||||||
စဉ် | ဌာနခွဲ | အမြန်လမ်း | ရက်မှန်လမ်း | ကူးတို့လမ်း | မြစ်တွင်း အပျော်စီးလမ်း | ပေါင်း |
(က) | မြစ်ဝကျွန်းပေါ်ဌာနခွဲ | - | - | ၃ | ၁ | ၄ |
( ခ ) | ဧရာဝတီဌာနခွဲ | - | - | - | - | - |
( ဂ ) | ချင်းတွင်းဌာနခွဲ | - | - | - | - | - |
(ဃ) | သံလွင်ဌာနခွဲ | - | - | - | - | - |
( င ) | ရခိုင်ဌာနခွဲ | - | - | - | - | - |
( စ ) | ကုန်ပို့ဆောင်ရေးဌာနခွဲ | - | - | - | - | - |
စုစုပေါင်း | - | - | ၃ | ၁ | ၄ | |
