မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၅)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်သည့် နေ့စဉ်မိုးလေဝသသတင်း။

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ် လွန်ခဲ့သော (၂၄)နာရီအတွင်းက စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်းတွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာခဲ့ပြီး၊ မန္တလေး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း နှင့် တောင်ပိုင်း) နှင့် ချင်းပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ ညအပူချိန်များမှာ ရန်ကုန်တိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ဖေဖော်ဝါရီပျမ်းမျှ အပူချိန် တို့အောက် (၃)ဒီဂရီ စင်တီဂရိတ်မှ (၄)ဒီဂရီ စင်တီဂရိတ် အထိနှင့် ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှ အပူချိန် တို့အောက် (၂)ဒီဂရီ စင်တီဂရိတ် လျော့နည်း ခဲ့ပြီး၊ ကချင်ပြည်နယ်တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှ အပူချိန်ထက် (၂)ဒီဂရီ စင်တီဂရိတ် ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှ အပူချိန် ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ ရမ်ကလောင်းတွင် (၂)ဒီဂရီ စင်တီဂရိတ်၊ ဟဲဟိုးမြို့၊ မိုင်းယန်းမြို့နှင့် ဟားခါးမြို့ တို့တွင် (၃)ဒီဂရီ စင်တီဂရိတ်စီ၊ နမ့်စန်မြို့နှင့် လွိုင်လင်မြို့ တို့တွင် (၄)ဒီဂရီ စင်တီဂရိတ်စီနှင့် ပင်လောင်းမြို့၊ ကျိုင်းတုံမြို့၊ မိုင်းဆတ်မြို့၊ ပြင်ဦးလွင်မြို့နှင့် မိုးကုတ်မြို့ တို့တွင် (၆)ဒီဂရီ စင်တီဂရိတ်စီတို့ ဖြစ်ကြ ပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေ ပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း (၆၀) ဖြစ်ပါသည်။ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ချင်းပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်()ရက်အတွက်ခန့်မှန်းချက် စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။  သာယာမည်။

 ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။  အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။  အများအားဖြင့် သာယာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအ‌နေ

အမြင့်ဆုံးအပူချိန် - (၃၁.၆)ဒီဂရီစင်တီဂရိတ် (၈၉)ဒီဂရီဖာရင်ဟိုက် (၁၄ - ၀၂ - ၂၀၂၀)

အနိမ့်ဆုံးအပူချိန် - (၁၄.၄)ဒီဂရီစင်တီဂရိတ် (၅၈)ီဂရီဖာရင်ဟိုက် (၁၅ - ၀၂ - ၂၀၂၀)

(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ - (၅၇)ရာခိုင်နှုန်း (၁၅ - ၀၂ - ၂၀၂၀)

မိုးရေချိန် - မရှိပါ

နေပြည်တော်လေဆိပ်(ဧလာ)နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအ‌နေ

အမြင့်ဆုံးအပူချိန်  - (၃၁.၅)ဒီဂရီစင်တီဂရိတ် (၈၉) ဒီဂရီ ဖာရင်ဟိုက် (၁၄ -၀၂ -၂၀၂၀)

အနိမ့်ဆုံးအပူချိန်  - (၁၂.၆)ဒီဂရီစင်တီဂရိတ် (၅၅) ဒီဂရီ ဖာရင်ဟိုက် (၁၅-၀၂-၂၀၂၀)

(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ - (၆၅)ရာခိုင်နှုန်း (၁၅ -၀၂-၂၀၂၀)

မိုးရေချိန်  - မရှိပါ (၁၅ - ၀၂ - ၂၀၂၀)

မိုးရေချိန်

ရက်စွဲ

နေပြည်တော်

ရန်ကုန်(ကမ္ဘာအေး)

မန္တလေး

၁၅ - ၂ - ၂၀၂၀

မရှိပါ

                မရှိပါ

 မရှိပါ

- ၁-၂၀၂၀ မှ ယနေ့အထိ

(၀.၀၄)လက်မ 

                မရှိပါ

 (၀.၉၅)လက်မ

နေပြည်တော်၏ အများဆုံး လေတိုက်နှုန်းမှာ (၁၅-၂-၂၀၂၀ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် အရှေ့တောင်ဘက်မှ တစ်နာရီလျှင် (၂)မိုင် နှုန်းခန့် တိုက်ခတ်ခဲ့ပါသည်။