မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်သည့် နေ့စဉ်မိုးလေဝသသတင်း။
ယနေ့နံနက် (၀၉:၃၀)နာရီအချိန်ထိ မိုးလေဝသ တိုင်းထွာချက် အကျဉ်းချုပ်။ လွန်ခဲ့သော (၂၄)နာရီ အတွင်းက စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကျန် တိုင်းဒေသကြီး နှင့် ပြည်နယ် တို့တွင် အများအားဖြင့် သာယာ ခဲ့ပါသည်။ ညအပူချိန် များမှာ စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ် တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှ အပူချိန် တို့အောက် (၃)ဒီဂရီ စင်တီဂရိတ်မှ (၄)ဒီဂရီ စင်တီဂရိတ် အထိနှင့် နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ကရင် ပြည်နယ် တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှ အပူချိန် တို့အောက် (၂)ဒီဂရီ စင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ် တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှ အပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့ တို့တွင် (၀)ဒီဂရီ စင်တီဂရိတ်၊ ဟဲဟိုးမြို့တွင် (၃)ဒီဂရီ စင်တီ ဂရိတ်၊ နမ့်စန်မြို့၊ ပင်လောင်းမြို့နှင့် မိုင်းယန်းမြို့ တို့တွင် (၄)ဒီဂရီ စင်တီဂရိတ်စီ၊ လွိုင်လင်မြို့တွင် (၅)ဒီဂရီ စင်တီဂရိတ်နှင့် မင်းတပ်မြို့၊ တီးတိန်မြို့၊ ရမ်ကလောင်း၊ ပြင်ဦးလွင်မြို့နှင့် မိုးကုတ်မြို့ တို့တွင် (၆)ဒီဂရီ စင်တီဂရိတ်စီတို့ ဖြစ်ကြ ပါသည်။
ဘင်္ဂလား ပင်လယ်အော် အခြေအနေ။ ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကျန် ဘင်္ဂလား ပင်လယ်အော်တွင် အများအားဖြင့် သာယာနေ ပါသည်။
မနက်ဖြန် နံနက်အထိ ခန့်မှန်းချက်။ စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင် ပါသည်။ ရွာရန်ရာနှုန်း (၆၀) ဖြစ်ပါသည်။ တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
နောက် (၂)ရက် အတွက် ခန့်မှန်းချက်။ တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။
နေပြည်တော်နှင့် အနီးတစ်ဝိုက် အတွက် မနက်ဖြန် နံနက်အထိ ခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက် အတွက် မနက်ဖြန် နံနက်အထိ ခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
မန္တလေးမြို့နှင့် အနီးတစ်ဝိုက် အတွက် မနက်ဖြန် နံနက်အထိ ခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်ခဲ့သော မိုးလေ၀သ အခြေအနေ
အမြင့်ဆုံးအပူချိန်- (၃၄.၀) ဒီဂရီ စင်တီဂရိတ် (၉၃) ဒီဂရီ ဖာရင်ဟိုက် (၁၅ - ၀၂ - ၂၀၂၀)
အနိမ့်ဆုံးအပူချိန်- (၁၅.၀) ဒီဂရီ စင်တီဂရိတ် (၅၉) ဒီဂရီ ဖာရင်ဟိုက် (၁၆ - ၀၂ - ၂၀၂၀)
(၀၉:၃၀)နာရီ အချိန်စိုထိုင်းဆ - (၆၅)ရာခိုင်နှုန်း (၁၆ - ၀၂ - ၂၀၂၀)
မိုးရေချိန် - မရှိပါ (၁၆ - ၀၂ - ၂၀၂၀)
နေပြည်တော် လေဆိပ်(ဧလာ)နှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်ခဲ့သော မိုးလေ၀သ အခြေအနေ
အမြင့်ဆုံး အပူချိန် - (၃၁.၈) ဒီဂရီ စင်တီဂရိတ် (၈၉) ဒီဂရီ ဖာရင်ဟိုက် (၁၅ - ၀၂ - ၂၀၂၀)
အနိမ့်ဆုံး အပူချိန် - (၁၃.၈) ဒီဂရီ စင်တီဂရိတ် (၅၇) ဒီဂရီ ဖာရင်ဟိုက် (၁၆ - ၀၂ - ၂၀၂၀)
(၀၉:၃၀) နာရီအချိန် စိုထိုင်းဆ - (၆၅)ရာခိုင်နှုန်း (၁၆ - ၀၂ - ၂၀၂၀)
မိုးရေချိန် - မရှိပါ (၁၆ - ၀၂ - ၂၀၂၀)
မိုးရေချိန် |
|||
ရက်စွဲ |
နေပြည်တော် |
ရန်ကုန်(ကမ္ဘာအေး) |
မန္တလေး |
၁၆ - ၂ - ၂၀၂၀ |
မရှိပါ |
မရှိပါ |
မရှိပါ |
၁- ၁-၂၀၂၀ မှ ယနေ့အထိ |
(၀.၀၄)လက်မ |
မရှိပါ |
(၀.၉၅)လက်မ |
နေပြည်တော်၏ အများဆုံး လေတိုက်နှုန်းမှာ (၁၆ -၂-၂၀၂၀) ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် အရှေ့တောင်ဘက်မှ တစ်နာရီလျှင် (၄)မိုင် နှုန်းခန့် တိုက်ခတ်ခဲ့ ပါသည်။