ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း ဒဂုံ ဆိပ်ကမ်း သင်္ဘောကျင်းနှင့် ဗိုလ်တစ်ထောင် ဆိပ်ကမ်းသို့ သွားရောက် ကြည့်ရှု့ စစ်ဆေးခြင်း

ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း ဒဂုံ ဆိပ်ကမ်း သင်္ဘောကျင်းနှင့် ဗိုလ်တစ်ထောင် ဆိပ်ကမ်းသို့ သွားရောက် ကြည့်ရှု့ စစ်ဆေးခြင်း

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်းသည် ဒုတိယ အထွေထွေ မန်နေဂျာ(စီမံ) ဦးသီလသိမ်း လိုက်ပါလျက်  (၂၇.၁၀.၂-၀၁၆) ရက်နေ့ ၁၃:၄၅ နာရီ အချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနပိုင် ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းသို့ သွားရောက်၍ ဂျပန်နိုင်ငံ အစိုးရမှ အကူအညီပေးသည့် The Economic and Social Development Programme အစီအစဉ်ဖြင့် ပထမသုတ် အနေဖြင့် ရောက်ရှိ လာသည့် သံပြား၊ သံကိုင်းများ လက်ခံ ရရှိမှု အခြေအနေကို ကြည့်ရှု့ စစ်ဆေးပါသည်။ ထို့နောက် ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းတွင် ရေယာဉ်များ ကျင်းတင်ပြင် ဆင်နေမှု၊ အသစ် တည်ဆောက်နေမှု အခြေအနေတို့ကို လိုက်လံကြည့်ရှု့ စစ်ဆေးရာ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးS.Kမြတ်သူမှ ရှင်းလင်း တင်ပြပါသည်။ ဆက်လက်၍ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် ဗိုလ်တစ်ထောင် ဆိပ်ကမ်းသို့ သွားရောက်ပြီး ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် “တေဇ" ရေယာဉ်နှင့် “ဗညားလတ်" ရေယာဉ်တို့ပေါ်သို့ တက်ရောက် ကြည့်ရှု့ စစ်ဆေး ခဲ့ပါသည်။
 

dagon seikkan

 

dagon seikkan

 

dagon seikkan

 

dagon seikkan

 

dagon seikkan

 

dagon seikkan