ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့တွင် ကျင်းပပြုလုပ်သည့် Inland Water Transport and Costal Shipping Summit သို့တက်ရောက်

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့တွင် ကျင်းပပြုလုပ်သည့် Inland Water Transport and Costal Shipping Summit သို့တက်ရောက်

ပြည်​တွင်းရေ​ကြောင်း ပို့ဆောင်​​ရေး ဦး​ဆောင် ​ညွှန်​ကြား​ရေးမှူး ဦး​ဇော်​ဝင်း သည် ​ရေ​ကြောင်း ဌာနမှူးချုပ်​ ဦး​အောင်​သန်းမြိုင်​ လိုက်ပါလျှက် ၂၂.၅.၂၀၁၇ ရက်နေ့ ဝ၉:၂၀ နာရီ အချိန်​တွင်​ ရန်​ကုန်​မြို့မှ အိန္ဒိယနိုင်​ငံ ကိုလ်​ကတ္တားမြို့သို့ ထွက်ခွာသွားခဲ့ပြီး၊  ၂၃.၅.၂၀၁၇ ရက်​​နေ့ (၁၀:ဝဝ) အချိန်တွင်  အိန္ဒိယနိုင်​ငံ ကိုလ်​ကတ္တားမြို့၊ Hotel Taj Bengal တွင် ကျင်းပ ပြုလုပ်သည့် Inland Water Transport and Costal Shipping Summit  သို့ တက်​​ရောက်ခဲ့ပြီး အိန္ဒိယနိုင်​ငံ နှင့် မြန်မာနိုင်ငံတို့အကြား ပင်လယ် ကမ်းရိုးတန်းနှင့် ကုလားတန် မြစ်ကြောင်းမှ ဖြတ်သန်း၍ ကုန်စည် ပို့ဆောင်ရေး ဆိုင်ရာ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ အခွင့်အလမ်း ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် အဖွဲ့သည် ၂၄.၅.၂၀၁၇ ရက်နေ့ (ဝ၈:၅၀) အချိန်တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြောင်း သတင်းရရှိပါသည်။
 

costal_shipping_summit

 

costal_shipping_summit