ပြည်​တွင်း​ရေ​ကြောင်း ပို့​ဆောင်​​ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း မြောင်းမြ မြစ်ကူး ဇက်ရေယာဉ် ပြေးဆွဲ ပေးနိုင်ရန် အတွက် မြောင်းမြသို့ သွားရောက် ကြီးကြပ် ဆောင်ရွက်။

ပြည်​တွင်း​ရေ​ကြောင်း ပို့​ဆောင်​​ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း မြောင်းမြ မြစ်ကူး ဇက်ရေယာဉ် ပြေးဆွဲ ပေးနိုင်ရန် အတွက် မြောင်းမြသို့ သွားရောက် ကြီးကြပ် ဆောင်ရွက်။

၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ ဝ၁:၄၅ နာရီ အချိန် ခန့်တွင် ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြ မြစ်ကူး ကြိုးတံတားကြီး မြစ်အတွင်း ပြတ်ကျမှု ဖြစ်စဉ်ကြောင့် ခရီးသွား ပြည်သူများနှင့် ကုန်စည် သယ်ဆောင် သွားလာနေသော မော်တော်ယာဉ်များ သွားလာမှု အခက်​အခဲ မရှိစေရေး အတွက် မြစ်ကူး ဇက်ရေယာဉ်ဖြင့် ပြေးဆွဲပေးနိုင်ရန် အတွက် ကြီးကြပ် ဆောင်ရွက်နိုင်ရန် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း သည် တာဝန်ရှိသူ များ လိုက်ပါလျှက် ရန်ကုန်မြို့မှ ၂၀၁၈ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့ (၁၀:၃၀) နာရီ အချိန်တွင် မော်တော်ယာဉ်ဖြင့် မြောင်းမြမြို့သို့ သွားရောက်ခဲ့ပြီး၊ ဇက်ရေယာဉ် ပြေးဆွဲမည့် ရေလမ်းကြောင်း နှင့် ဇက်ရေယာဉ် တက်/ဆင်း ပြုလုပ်မည့် နေရာများအား ကြည့်ရှု့ စစ်ဆေး ကြီးကြပ် ဆောင်ရွက်လျှက် ရှိပါသည်။

မြောင်းမြ မြစ်ကူး ဇက်ရေယာဉ်​ ပြေးဆွဲပေးနိုင်ရန်အတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ကုန်ပို့ဆောင်ရေးဌာနခွဲရှိ ရေနယား (၂) ရေယာဉ်ကို ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ (ဝ၈:၃၀) နာရီ အချိန်တွင် ရန်ကုန်မြို့မှ မြောင်းမြမြို့သို့ စေလွှတ်ခဲ့ရာ ယနေ့တွင် မြောင်းမြမြို့သို့ ရောက်ရှိ မည် ဖြစ်ပြီး ဇက် ကူးတို့ ရေယာဉ် အမြန်ဆုံး ပြေးဆွဲ ပေးနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျှက် ရှိပါသည်။