မြောင်းမြမြို့ မြစ်ကူး ကူးတို့ လမ်းများ ပြေးဆွဲပေးနေမှု အခြေအနေ

** မြောင်းမြ မြစ်ကူး ကြိုးတံတား ပြတ်ကျ ပျက်စီးမှုကြောင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်မှု မရှိစေရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ဌာနပိုင် ရေယာဉ်များဖြင့် ခရီးသည်နှင့် မော်တော်ယာဉ်များကို အခမဲ့ ပို့ဆောင်ပေး လျှက်ရှိ။ **

  • မြောင်းမြ မြစ်ကူး ကြိုးတံတား ပြတ်ကျ ပျက်စီးမှုကြောင့် လမ်းပန်းဆက်သွယ်မှု ပြတ်တောက်မှု မရှိစေရေးအတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ဌာနပိုင် ရေယာဉ်များဖြင့် ခရီးသည်နှင့် မော်တော်ယာဉ်များကို အခမဲ့ ပို့ဆောင်ပေးလျှက် ရှိရာ မြောင်းမြမြို့ (၇) လမ်း သင်္ဘောဆိပ်မှ တစ်ဘက်ကမ်း ကွယ်လွယ် ပြည်တော်သာ ကူးတို့ဆိပ်သို့ လူစီးရေယာဉ် (၂) စီး၊ ဇက်ရေ ယာဉ် (၃) စီးတို့ဖြင့် (၅.၄.၂၀၁၈) ရက်နေ့ မှ (၂၄.၅.၂၀၁၈) ရက်နေ့ အထိ ခေါက်ရေ ပေါင်း (၃၄၆၄) ခေါက် ပြေးဆွဲပေးခဲ့ပြီး၊ ကားကြီး (၆၀၈၈) စီး၊ ကားလတ် (၂၄၆) စီး၊ ကားသေး (၉၇၁၈) စီး၊ သုံးဘီး (၂၉) စီး၊ ထော်လာဂျီ (၆၂) စီး၊ ဆိုင်ကယ် (၆၄၉၇၄) စီး၊ ထွန်စက် (၁) စီး၊ စက်ဘီး (၁၅၂၂) စီးနှင့် ခရီးသည် (၁၇၀၉၅၁) ဦး တို့ကို အခမဲ့ ပို့ဆောင် ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
  • ထို့အပြင် မြောင်းမြမြို့ မြစ်ကူး ကူးတို့ လမ်းများတွင် ဖြစ်ပေါ်နေသော ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းနိုင်ရန် အတွက် မြောင်းမြမြို့ကို ဖြတ်သန်းရန် မလိုဘဲ လပွတ္တာမြို့မှ ပုသိမ်မြို့သို့  တိုက်ရိုက် သွားလာနိုင်သည့် ပမ္မဝတီမြစ် ဖြတ်ကူးသည့် လပွတ္တာ (ညောင်ချောင်းကလေး) မှ ငပုတော (ခြံကွင်း) ကူးတို့ဆိပ်သို့ ရေနယား (၂) ရေယာဉ်ဖြင့် ပြေးဆွဲပေး လျှက်ရှိရာ (၂၈.၄.၂၀၁၈) ရက်နေ့မှ (၂၄.၅.၂၀၁၈) ရက် နေ့အထိ ခေါက်ရေ ပေါင်း (၂၉၆) ခေါက် ပြေးဆွဲ ပေးခဲ့ပြီး၊ ကားကြီး (၃၂) စီး၊ ကားလတ် (၁၃၂) စီး၊ ကားသေး (၄၄၉) စီး၊ သုံးဘီး (၈) စီး၊ ဆိုင်ကယ် (၄၆၁) စီး၊ စက်ဘီး (၅) စီးနှင့် ခရီးသည် (၂၃၆၉)ဦး တို့ကို အခမဲ့ ပို့ဆောင် ပေးနိုင်ခဲ့ပြီး ဖြစ်ပါ သည်။
     
myaung_mya

 

myaung_mya

 

myaung_mya

 

myaung_mya