လပွတ္တလုပ်- ရေပေါ်ကြီး ဇက်ကူးတို့ လမ်းအား ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ဇက် ၁၁၀ ရေယာဉ်ဖြင့် စတင်ပြေးဆွဲ

လပွတ္တလုပ်- ရေပေါ်ကြီး ဇက်ကူးတို့ လမ်းအား ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ဇက် ၁၁၀ ရေယာဉ်ဖြင့် စတင်ပြေးဆွဲ

ဧရာဝတီတိုင်း ဒေသကြီး၊ ငပုတောမြို့နယ်ရှိ အလယ်ကျွန်း ဒေသခံများ သွားလာမှု အဆင်ပြေစေရေးအတွက် လပွတ္တာမြို့နယ်၊ လပွတ္တလုတ်တောင် ကျေးရွာရှိ လပွတ္တလုတ်ချောင်း ဇက်ကူးဆိပ်နှင့် ငပုတောမြို့နယ်၊ အလယ်ကျွန်းဒေသ၊ ရေပေါ်ကြီးကျေးရွာ သက္ကယ်သောင်မြစ် ဇက်ကူးဆိပ်သို့ ပြေးဆွဲပေးမည့် လပွတ္တလုပ်- ရေပေါ်ကြီး ဇက်ကူးတို့ လမ်းအား၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် ဇက် ၁၁၀ ရေယာဉ်ဖြင့် (၁၅.၆.၂၀၁၈) ရက် နေ့မှ စတင်၍ တစ်နေ့လျှင် (၂) ခေါက်နှုန်းဖြင့် စမ်းသပ် ပြေးဆွဲ ​ပေးသွားမည် ဖြစ်ပြီး ခရီးသည်နှင့် မော်တော်ယာဉ်များ သွားလာမှု ပေါ်မူတည်၍ ခေါက်ရေ တိုးချဲ့ ပြေးဆွဲသွားမည် ဖြစ်ပါသည်။

ကောက်ခံမည့် ခရီးသည်ခ၊ ကုန်တင်ခ၊ မော်တော်ယာဉ် တင်ဆောင်ခ နှုန်းထားများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

  • ခရီးသည် တစ်ဦးလျှင် - ကျပ် ၅၀၀/-  
  • အထွေထွေကုန် တစ်ပိဿာလျှင် - ကျပ် ၁.၆၀/-
  • အထွေထွေကုန် တစ်တန်လျှင် - ကျပ် ၁၀၀၀/-
  • အိမ်စီးကား အမျိုးမျိုးနှင့် ၂ တန်အောက် ယာဉ်များ - ကျပ် ၄၀၀၀/-
  • ကားလတ် (ဒိုင်နာ၊ ကန်တာ၊ တီ-၂၁၀၀ နှင့် ၃တန်အထိ ယာဉ်များ) - ကျပ် ၆၀၀၀/-
  • ၃ တန်ခွဲမှ ၆ တန်ထိ ယာဉ်များ - ကျပ် ၈၀၀၀/-
  • ၆ တန်နှင့် အထက်ယာဉ် ၁၂ တန်အထိ - ကျပ် ၁၀၀၀၀/-
  • စက်ဘီး - ကျပ် ၅၀၀/-
  • ဆိုက်ကား - ကျပ် ၁၀၀၀/-
  • မော်တော်ဆိုင်ကယ် - ကျပ် ၂၀၀၀/-
  • နောက်တွဲယာဉ် (သုံးဘီး - ကျပ် ၃၀၀၀/-
  • နောက်တွဲယာဉ် (လေးဘီး) - ကျပ် ၄၀၀၀/-
  • ဆိုက်တွဲ - ကျပ် ၃၀၀၀/-
  • ဒိန်းဒေါင်း - ကျပ် ၄၀၀၀/-
     
zat110

 

zat110

 

zat110