ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲ စစ်တွေ-ဘူးသီးတောင် ခရီးလမ်းကို (၁၆.၆.၂၀၁၈) ရက် (စနေနေ့) မှ စတင်၍ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲမည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲ စစ်တွေ-ဘူးသီးတောင် ခရီးလမ်းကို (၁၆.၆.၂၀၁၈) ရက် (စနေနေ့) မှ စတင်၍ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲမည်။

ယခုတလော ရခိုင်ပြည်နယ်အတွင်း မိုးများ အဆက်မပြတ် ရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ လှိုင်းကြီးနိုင်ခြင်းနှင့် ဆိပ်ကမ်းများ ရေလျှံမှုများ ဖြစ်ပေါ်နေခြင်း တို့ကြောင့်  ရေယာဉ်နှင့် ခရီးသည် များ အန္တရာယ် မဖြစ်စေရေး အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲ၊ စစ်တွေမြို့မှ (၁၄.၆.၂၀၁၈) ရက်နေ့တွင် ထွက်ခွာမည့် စစ်တွေ-ဘူးသီးတောင် ခရီးစဉ် ယာယီ ရပ်ဆိုင်းထားခဲ့ရာ ယခုအခါ ရာသီဥတု ပြန်လည် ကောင်းမွန် လာပြီ ဖြစ်သဖြင့် (၁၆.၆.၂၀၁၈) ရက် (စနေနေ့) မှစတင်၍ အောင်တံခွန် ရေယာဉ်များဖြင့် အပတ်စဉ် (စနေ၊ အင်္ဂါ၊ ကြာသပတေး) နေ့များတွင် ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲပေးသွားမည် ဖြစ်ပါသည်။