ငြိမ်းချမ်းရေး တွဲလက်များ အဖွဲ့၏ “ငြိမ်းချမ်းရေး တွဲလက်များ မြစ်ဧရာမှ ထပ်ဆင့်ပွား” ခရီးစဉ် ပြည်ကြီးတံခွန်-၄ ရေယာဉ်ဖြင့် မန္တလေးမြို့မှ စတင် ထွက်ခွာ။
ငြိမ်းချမ်းရေး တွဲလက်များ အဖွဲ့၏ “ငြိမ်းချမ်းရေး တွဲလက်များ မြစ်ဧရာမှ ထပ်ဆင့်ပွား” ခရီးစဉ် ပြည်ကြီးတံခွန်-၄ ရေယာဉ်ဖြင့် မန္တလေးမြို့မှ စတင် ထွက်ခွာ။
ငြိမ်းချမ်းရေး တွဲလက်များ အဖွဲ့၏ “ငြိမ်းချမ်းရေး တွဲလက်များ မြစ်ဧရာမှ ထပ်ဆင့်ပွား” ခရီးစဉ်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနပိုင် ပြည်ကြီးတံခွန်-၄ ရေယာဉ်ဖြင့် (၁၆.၁၁.၂၀၁၈) ရက်နေ့၊ နံနက် (ဝ၈:၂၀) နာရီ အချိန်တွင် မန္တလေးမြို့၊ ဂေါဝိန် ဆိပ်ကမ်းမှ စတင်ထွက်ခွာ စုန်ဆင်းသွားခဲ့ရာ ရေယာဉ်ပေါ်တွင် ငြိမ်းချမ်းရေး တွဲလက်များ အဖွဲ့မှ အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၇၈) ဦး လိုက်ပါ သွားကြောင်း သိရသည်။
ငြိမ်းချမ်းရေး တွဲလက်များအဖွဲ့ကို အောက်ပါ အဖွဲ့အစည်း/ပုဂ္ဂိုလ်များ ပူးပေါင်း ပါဝင် လက်တွဲ ထားကြောင်း သိရသည်-
(က) မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယ (မခမမ/ခဝဲခြံ မျက်မမြင်ကျောင်း)၊
(ခ) မြစ်ကြီးနား မျက်မမြင်ကျောင်း၊
(ဂ) အေးမေတ္တာ မသန်စွမ်း ရိပ်မြုံ၊ လှိုင်သာယာမြို့၊
(ဃ) သုံးရောင်ခြယ် ပြည်သူ့ အကျိုးပြု လူမှုကွန်ယက်၊
(င) ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊
(စ) မရမာကြီး တိုင်းရင်းသား လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး အသင်း၊ ရန်ကုန်၊
(ဆ) အမျိုးသား လက်ရွေးစင် ကိုယ်ခန္ဓာ မသန်စွမ်း (Wheel Chair) အားကစား သမား (၁၀) ဦး ၊
(ဇ) ငြိမ်းချမ်းရေး မြတ်နိုးသော ပုဂ္ဂိုလ်များ၊
(ဈ) စာပေ/ဂီတ အနုပညာရှင်များ။
အဆိုပါ ခရီးစဉ်မှာ (၂၇) ရက် ကြာမြင့်မည် ဖြစ်ပြီး၊ ရန်ကုန်မြို့အထိ လမ်းခရီး ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်နှင့် အနီးအနားရှိ မြို့ (၂၇) မြို့တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။