၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်သည့် နေ့စဉ်မိုးလေဝသ သတင်း
နေ့စဉ်မိုးလေဝသသတင်း
(၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော (၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ် ထွန်းခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ ညအပူချိန်များမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှ အပူချိန်အောက် (၅)ဒီဂရီစင်တီဂရိတ်၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည် နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်တို့အောက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိနှင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်(၂)ဒီဂရီစင်တီဂရိတ်လျော့နည်း ခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် (၀)ဒီဂရီ စင်တီဂရိတ်၊ ဟဲဟိုးမြို့တွင် (၁)ဒီဂရီစင်တီဂရိတ်၊ နမ့်စန်မြို့၊ ပင်လောင်းမြို့၊ မိုင်းယန်းမြို့နှင့် မိုးကုတ်မြို့တို့တွင် (၂)ဒီဂရီ စင်တီဂရိတ်စီ၊ လွိုင်လင်မြို့နှင့် ပြင်ဦးလွင်မြို့တို့တွင် (၃)ဒီဂရီစင်တီဂရိတ်စီနှင့် သီပေါမြို့နှင့် လားရှိုးမြို့တို့တွင် (၄)ဒီဂရီစင်တီ ဂရိတ်စီတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကချင်ပြည် နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာ မည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် (၄)ပေမှ (၈)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ သာယာမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ သာယာမည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေ
အမြင့်ဆုံးအပူချိန် - (၃၁.၅)ဒီဂရီစင်တီဂရိတ် (၈၉)ဒီဂရီဖာရင်ဟိုက် (၀၄ - ၀၂ - ၂၀၂၀)
အနိမ့်ဆုံးအပူချိန် - (၁၂.၄)ဒီဂရီစင်တီဂရိတ် (၅၄)ဒီဂရီဖာရင်ဟိုက် (၀၅ - ၀၂ - ၂၀၂၀)
(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ - (၆၃)ရာခိုင်နှုန်း (၀၅ - ၀၂ - ၂၀၂၀)
မိုးရေချိန် - မရှိပါ (၀၅ - ၀၂ - ၂၀၂၀)
နေပြည်တော်လေဆိပ်(ဧလာ)နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေ
အမြင့်ဆုံးအပူချိန် - (၃၂.၀)ဒီဂရီစင်တီဂရိတ် (၉၀)ဒီဂရီဖာရင်ဟိုက် (၀၄ - ၀၂ - ၂၀၂၀)
အနိမ့်ဆုံးအပူချိန် - (၁၁.၄)ဒီဂရီစင်တီဂရိတ် (၅၂)ဒီဂရီဖာရင်ဟိုက် (၀၅ - ၀၂ - ၂၀၂၀)
(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ - (၅၆)ရာခိုင်နှုန်း (၀၅ - ၀၂ - ၂၀၂၀)
မိုးရေချိန် - မရှိပါ (၀၅ - ၀၂ - ၂၀၂၀)
မိုးရေချိန်
ရက်စွဲ နေပြည်တော် ရန်ကုန်(ကမ္ဘာအေး) မန္တလေး
၀၅ - ၂ - ၂၀၂၀ မရှိပါ မရှိပါ မရှိပါ
၁- ၁-၂၀၂၀ မှ ယနေ့အထိ (၀.၀၄)လက်မ မရှိပါ (၀.၉၅)လက်မ
နေပြည်တော်၏ အများဆုံးလေတိုက်နှုန်းမှာ (၀၅-၂-၂၀၂၀)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် အနောက်တောင်ဘက်မှ တစ်နာရီ လျှင် (၅)မိုင်နှုန်းခန့် တိုက်ခတ်ခဲ့ပါသည်။