မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၀)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်သည့် နေ့စဉ်မိုးလေဝသသတင်း

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ် လွန်ခဲ့သော(၂၄)နာရီအတွင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ နေ့အပူချိန်များမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်နှင့် နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း) တို့တွင် ဧပြီလ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၄)ဒီဂရီစင်တီဂရိတ်၊ မကွေးမြို့နှင့် အောင်လံမြို့တို့တွင် (၄၃)ဒီဂရီစင်တီဂရိတ်စီ  နှင့် မင်းဘူးမြို့၊ တောင်တွင်းကြီးမြို့၊ ဆင်ဖြူကျွန်းမြို့၊ ပြည်မြို့နှင့် ဘော်လခဲမြို့တို့တွင် (၄၂)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။ မှတ်သား ဖွယ်ရာ မိုးရေချိန်များမှာ မချမ်းဘောမြို့တွင် (၀.၄၇)လက်မ၊ မြိတ်မြို့တွင် (၀.၄၀)လက်မ၊ ပူတာအိုမြို့တွင် (၀.၃၁)လက်မနှင့် လားရှိုးမြို့ တွင် (၀.၀၈)လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့်  ရှမ်းပြည်နယ်နှင့် ချင်း ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့် အတင့် ဖြစ်ထွန်းမည်။

မြန်မာ့ပင်လယ်ပြင်လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။

နောက်()ရက်အတွက်ခန့်မှန်းချက် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်        တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်            တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်           တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအ‌နေ                   

အမြင့်ဆုံးအပူချိန် - (၄၀.၄)ဒီဂရီစင်တီဂရိတ် (၁၀၅)ီဂရီဖာရင်ဟိုက်  (၁၉ - ၀၄ - ၂၀၂၀)

အနိမ့်ဆုံးအပူချိန် - (၂၄.၀)ဒီဂရီစင်တီဂရိတ် (၇၅)ီဂရီဖာရင်ဟိုက(၂၀ - ၀၄ - ၂၀၂၀)

(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ - (၆၅)ရာခိုင်နှုန်း (၂၀ - ၀၄ - ၂၀၂၀)

မိုးရေချိန် - မရှိပါ (၂၀ - ၀၄ - ၂၀၂၀)

နေပြည်တော်လေဆိပ်(ဧလာ)နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအ‌နေ

အမြင့်ဆုံးအပူချိန် - (၄၀.၀)ဒီဂရီစင်တီဂရိတ် (၁၀၄)ီဂရီဖာရင်ဟိုက်  (၁၉ - ၀၄ - ၂၀၂)

အနိမ့်ဆုံးအပူချိန် - (၂၆.၀)ဒီဂရီစင်တီဂရိတ် (၇၉)ဒီဂရီဖာရင်ဟိုက (၂၀ - ၀၄ - ၂၀၂၀)

(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ - (၆၆)ရာခိုင်နှုန်း  (၂၀ - ၀၄ - ၂၀၂၀)

မိုးရေချိန် - မရှိပါ  (၂၀ - ၀၄ - ၂၀၂၀) 

မိုးရေချိန်

ရက်စွဲ

နေပြည်တော်

ရန်ကုန်(ကမ္ဘာအေး)

မန္တလေး

၂၀ - ၄ - ၂၀၂၀

မရှိပါ

မရှိပါ

မရှိပါ

- ၁-၂၀၂၀ မှ ယနေ့အထိ

(၀.၀၄)လက်မ 

မရှိပါ

(၀.၉၅)လက်မ

 

နေပြည်တော်၏ အများဆုံးလေတိုက်နှုန်းမှာ (၂၀-၄-၂၀၂၀)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် အနောက်တောင်ဘက်မှ တစ်နာရီလျှင် (၃)မိုင် နှုန်းခန့် တိုက်ခတ်ခဲ့ပါသည်။