မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၈)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်သည့် မြို့ကြီးများအလိုက် အမြင့်ဆုံးအပူချိန်/အနိမ့်ဆုံးအပူချိန် စာရင်း
ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျား၊ နေပြည်တော်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မကွေးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သား ဖွယ်ရာ မိုးရေချိန်များမှာ ထားဝယ်မြို့တွင် (၂.၉၉)လက်မ၊ ဇလွန်မြို့တွင် (၂.၈၇)လက်မ၊ လှည်းကူးမြို့တွင် (၂.၇၆)လက်မ၊ စစ်တွေမြို့နှင့် ချောင်းဆုံမြို့တို့တွင် (၂.၅၂)လက်မစီ၊ ကသာမြို့နှင့် ဘီးလင်းမြို့တို့တွင် (၂.၄၈)လက်မစီ၊ သထုံမြို့တွင် (၂.၂၈)လက်မ၊ လွိုင်ကော်မြို့တွင် (၁.၉၂) လက်မ၊ ကမမောင်းမြို့၊ ကျိုက္ခမီမြို့နှင့် မြိတ်မြို့တို့တွင် (၁.၈၁)လက်မစီ၊ တကောင်း(စိုက်ပျိုးရေး)တွင် (၁.၇၆)လက်မ၊ ပေါင်မြို့တွင် (၁.၇၃) လက်မ၊ ကျောက်ဖြူမြို့တွင် (၁.၆၆)လက်မ၊ ဗန်းမောက်မြို့တွင် (၁.၆၁)လက်မနှင့် ရန်ကုန်(မင်္ဂလာဒုံမြို့နယ်)၊ ဖျာပုံမြို့နှင့် လောင်းလုံးမြို့ တို့တွင် (၁.၅၄)လက်မစီတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါ တစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၃၀)မှ (၃၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၁၀) ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးပိုလာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေ
အမြင့်ဆုံးအပူချိန် - (၃၃.၄)ဒီဂရီစင်တီဂရိတ် (၉၂)ဒီဂရီဖာရင်ဟိုက် (၀၇ - ၀၆ - ၂၀၂၀)
အနိမ့်ဆုံးအပူချိန် - (၂၅.၇)ဒီဂရီစင်တီဂရိတ် (၇၈)ဒီဂရီဖာရင်ဟိုက် (၀၈ - ၀၆ - ၂၀၂၀)
(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ - (၈၄)ရာခိုင်နှုန်း (၀၈ - ၀၆ - ၂၀၂၀)
မိုးရေချိန် - Tr (၀၈ - ၀၆ - ၂၀၂၀)
နေပြည်တော်လေဆိပ်(ဧလာ)နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအနေ
အမြင့်ဆုံးအပူချိန် - (၃၄.၃)ဒီဂရီစင်တီဂရိတ် (၉၄)ဒီဂရီဖာရင်ဟိုက် (၀၇ - ၀၆ - ၂၀၂၀)
အနိမ့်ဆုံးအပူချိန် - (၂၄.၈)ဒီဂရီစင်တီဂရိတ် (၇၇)ဒီဂရီဖာရင်ဟိုက် (၀၈ - ၀၆ - ၂၀၂၀)
(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ - (၇၉)ရာခိုင်နှုန်း (၀၈ - ၀၆ - ၂၀၂၀)
မိုးရေချိန် - Tr (၀၈ - ၀၆ - ၂၀၂၀)
မိုးရေချိန် |
|||
ရက်စွဲ |
နေပြည်တော် |
ရန်ကုန်(ကမ္ဘာအေး) |
မန္တလေး |
၀၈ - ၀၆ - ၂၀၂၀ |
Tr |
(၀.၈၄)လက်မ |
မရှိပါ |
၀၁- ၀၁-၂၀၂၀ မှ ယနေ့အထိ |
(၄.၉၂)လက်မ |
(၁၅.၁၆)လက်မ |
(၉.၁၇)လက်မ |
Tr- မိုးရွာသော်လည်း တိုင်းထွာရေတွက်နိုင်သော မိုးရေချိန်ပမာဏမရှိပါ။
နေပြည်တော်၏ အများဆုံးလေတိုက်နှုန်းမှာ (၀၈-၀၆-၂၀၂၀)ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် တောင်ဘက်မှ တစ်နာရီလျှင် (၃)မိုင် နှုန်းခန့် တိုက်ခတ်ခဲ့ပါသည်။