ထီးလှိုင်ရှင် ရေယာဉ် မော်လမြိုင်-ဘားအံ-မော်လမြိုင် အပျော်စီး ခရီးစဉ် စတင် ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ
ထီးလှိုင်ရှင် ရေယာဉ် မော်လမြိုင်-ဘားအံ-မော်လမြိုင် အပျော်စီး ခရီးစဉ် စတင် ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ
ထီးလှိုင်ရှင် ရေယာဉ် မော်လမြိုင်-ဘားအံ-မော်လမြိုင် အပျော်စီး ခရီးစဉ် စတင် ပြေးဆွဲခြင်း ဖွင့်ပွဲ အခမ်း အနားကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် (ဝ၉:ဝ၀) အချိန်၌ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ အမှတ်(၄) ရွှေမြိုင်တံတားတွင် ကျင်းပ ပြုလုပ်ရာ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ နှင့် ပြည်နယ် အစိုးရ ဝန်ကြီးများ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပအိုဝ်း တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးခွန်မျိုးတင့်၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ Tint Tint Myanmar Group of Companies ဥက္ကဌ ဒေါ်တင့်တင့်လွင်၊ ပြည်နယ် အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြပါသည်။
ဖွင့်ပွဲ အခမ်းအနားတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ က အဖွင့် အမှာစကား ပြောကြားပြီး၊ Tint Tint Myanmar Group of Companies ဥက္ကဌ ဒေါ်တင့်တင့်လွင် က ထီးလှိုင်ရှင် ရေယာဉ် မော်လမြိုင်-ဘားအံ-မော်လမြိုင် ခရီးစဉ် ဖွင့်လှစ် ပြေးဆွဲခြင်းနှင့် ခရီးစဉ် ပြေးဆွဲရန် စီစဉ် ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်း တင်ပြပါသည်။
ဆက်လက်၍ ထီးလှိုင်ရှင် ရေယာဉ် ကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ Tint Tint Myanmar Group of Companies ဥက္ကဌ ဒေါ်တင့်တင့်လွင် တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပါသည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များ သည် ထီးလှိုင်ရှင် ရေယာဉ် ပေါ်သို့ တက်ရောက် ကြည့်ရှု့ကြပြီး သံလွင်မြစ်အတွင်း ရေယာဉ်ဖြင့် လှည့်လည် ကြည့်ရှု့ကြပြီး ၁၀:၅၅ အချိန်တွင် အမှတ်(၄) ရွှေမြိုင် တံတားသို့ ပြန်လည် ဆိုက်ကပ်၍ အခမ်းအနား ပြီးဆုံးကြောင်း သိရသည်။
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် တို့တွင် မြစ်ကူး တံတားကြီးများ တည်ဆောက် နိုင်ခဲ့ပြီး၊ ကုန်းလမ်း ပို့ဆောင်ရေးလမ်းများ ကောင်းမွန် လာမှုကြောင့် ရာသီ အချိန်အခါ မရွေး လွယ်ကူ ချောမွေ့စွာ ခရီးသွားလာ နိုင်ပြီ ဖြစ်ခြင်းကြောင့် ခရီးသွား ပြည်သူ အများစုမှာ ကုန်းလမ်း ခရီးမှသာ အဓိကအားထား သွားလာမှုများပြားလာခဲ့ပြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ သံလွင်ဌာနခွဲရှိ ရေယာဉ် ခရီးလမ်းများတွင် ခရီးသည်နှင့် ကုန်စည်များ လိုက်ပါမှု မရှိသလောက် နည်းပါး သွားခြင်းကြောင့် ခရီးစဉ်များ ရပ်နားထား ခဲ့ရပါသည်။
မော်လမြိုင်-နတ်မော် ကူးတို့လမ်းတွင် ပြေးဆွဲ ပေးနေသည့် "ထီးလှိုင်ရှင်" ရေယာဉ်ကိုလည်း ၂၀၁၇ ခုနှစ် ဧပြီလတွင် သံလွင်မြစ်ကူး ဗိုလ်ချုပ်အောင်ဆန်း တံတား(ဘီလူးကျွန်း) ကို ဖွင့်လှစ်ပေးပြီး နောက်ပိုင်း ခရီးသည်နှင့် ကုန်စည်များ လိုက်ပါမှု မရှိခြင်းကြောင့် ရပ်နားထား ခဲ့ရပါသည်။ အဆိုပါ "ထီးလှိုင်ရှင်" ရေယာဉ်ကို Tint Tint Myanmar Cruise နှင့် ပူးပေါင်း၍ မြစ်တွင်း အပျော်စီး ခရီးစဉ်သွား ရေယာဉ်အဖြစ် ပြုပြင် မွမ်းမံ၍ မော်လမြိုင်-ဘားအံ-မော်လမြိုင် အပျော်စီး ခရီးစဉ် ပြေးဆွဲနိုင်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့၊ ကရင်ပြည်နယ် အစိုးရ အဖွဲ့တို့ဖြင့် တင်ပြ၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ မော်လမြိုင်-ဘားအံ-မော်လမြိုင် အပျော်စီး ခရီးစဉ်ကို နေ့စဉ် ပြေးဆွဲနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။