ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အထွေထွေမန်နေဂျာရာထူးနေရာသို့ ဒုတိယအထွေထွေမန်နေဂျာ ဦးသီလသိမ်း ကို ရာထူးတိုးမြှင့် ခန့်ထားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ နေပြည်တော်၏ ၁၃၈၁ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၇ ရက်စွဲပါ အမိန့်ကြော်ငြာ၊ အမိန့်အမှတ် (၄၅/၂၀၂၀ ) ဖြင့် ၂ဝ၂ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀)၏ သဘောတူ ဆုံးဖြတ်အရ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ လစာနှုန်းကျပ် (၃၇၄၀၀၀-၄၀၀၀-၃၉၄၀၀၀) ဒုတိယအထွေထွေမန်နေဂျာ (စီမံ) ဦးသီလသိမ်း ကို ယင်းဌာနတွင် လစ်လပ်လျက်ရှိသော လစာနှုန်း(၄၁၈၀၀၀-၄၀၀၀-၄၃၈၀၀၀) အထွေထွေမန်နေဂျာ ရာထူး နေရာသို့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ၊ ၂၇ ရက်နေ့နံနက်မှစ၍ ရာထူးတိုးမြှင့်ခန့်ထားပြီး၊ အထွေထွေမန်နေဂျာ ရာထူးတာဝန်များကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ၊ ၁၀ ရက်နေ့နံနက်မှစတင်၍ ထမ်းဆောင်ပါသည်။