ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဥပဒေကြမ်းအား ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဥပဒေကြမ်းအား ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု

(၇.၆.၂၀၁၇) ရက်နေ့တွင် ကျင်းပ ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအေ၀း ဒဿမနေ့တွင် အမျိုးသား လွှတ်တော်က ပြင်ဆင်ချက် မရှိ အတည်ပြု ပေးပို့ လာသည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ အဖွဲ့၀င် ဦးအောင်စိန်က အမျိုးသား လွှတ်တော်၏ အတည်ပြုချက်များ အနက် သဘော တူညီသည့် အချက် (၃၄) ချက်ကို လွှတ်တော်၏ အတည်ပြုချက် ရယူရန် အဆို တင်သွင်းခဲ့ရာ လွှတ်တော်မှ သဘော တူညီခဲ့ပါသည်။ ဆက်လက်၍ ဥပဒေကြမ်း ကော်မတီက ပြင်ဆင်ချက် (၁၃) ချက်ကို အတည်ပြု ပေးနိုင်ပါရန် တင်သွင်းခဲ့ပြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးကျော်မျိုးက ပြင်ဆင်ချက် (၁၃) ချက်အား သဘောတူပါကြောင်း တင်ပြခဲ့ ပါသည်။ ပြည်သူ့လွှတ်တော် ဥက္ကဌက ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဥပဒေကြမ်းအား ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော်၏ သဘောထား ရယူခဲ့ရာ ကန့်ကွက်သူမရှိ လွှတ်တော်မှ အတည်ပြုခဲ့ပါသည်။
 

jun_8_law

 

jun_8_law

 

jun_8_law