“ ပြည်သူ့လွှတ်တော် ကပြင်ဆင်ချက်များဖြင့် သဘောတူ အတည်ပြုခဲ့ပြီး အမျိုးသား လွှတ်တော်သို့ ပြန်လည် ပေးပို့လာခဲ့သည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဥပဒေ (ကြမ်း) ကို အမျိုးသားလွှတ်တော်က အတည်ပြု ”

“ ပြည်သူ့လွှတ်တော် ကပြင်ဆင်ချက်များဖြင့် သဘောတူ အတည်ပြုခဲ့ပြီး အမျိုးသား လွှတ်တော်သို့ ပြန်လည် ပေးပို့လာခဲ့သည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဥပဒေ (ကြမ်း) ကို အမျိုးသားလွှတ်တော်က အတည်ပြု ”

(၂၉-၆-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး ၂၂ ရက် မြောက်နေ့တွင် ပြည်သူ့ လွှတ်တော်က ပြင်ဆင်ချက်များဖြင့် သဘောတူ အတည်ပြုခဲ့ပြီး အမျိုးသား လွှတ်တော် သို့ပြန်လည် ပေးပို့ လာခဲ့သည့် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဥပဒေ(ကြမ်း)နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာ ကို ကော်မတီဝင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလွင်က ဖတ်ကြားတင်သွင်းရာတွင် ပြည်သူ့လွှတ်တော်၏ ပြင်ဆင် ဖြည့်စွက်ချက်များသည် ပြည့်စုံမှု ရှိပါသဖြင့် ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း ဆက်လက် အတည်ပြု သင့်ကြောင်း ဥပဒေကြမ်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်ကို တင်ပြ ပါသည်။

ဆက်လက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဌက ဥပဒေကြမ်း ကော်မတီက စီစစ် တင်ပြသည့် အစီရင်ခံစာ အပေါ် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာ လွှတ်တော်က သဘောတူပါသဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဥပဒေ(ကြမ်း) ကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်များ အတိုင်း သဘောတူခဲ့ ပါသည်။
 

jun_29_law

 

jun_29_law

 

jun_29_law