ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ချင်းတွင်းဌာနခွဲမှ မိုးရာသီ ရေများချိန် ကာလအတွင်း မုံရွာ-ဟုမ္မလင်း ခရီးလမ်းအား ပြဒါးရှင် ရေယာဉ်ဖြင့် ပြေးဆွဲ

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ချင်းတွင်းဌာနခွဲမှ မိုးရာသီ ရေများချိန် ကာလအတွင်း မုံရွာ-ဟုမ္မလင်း ခရီးလမ်းအား ပြဒါးရှင် ရေယာဉ်ဖြင့် ပြေးဆွဲ

  • ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ချင်းတွင်းဌာနခွဲမှ မိုးရာသီ ရေများချိန် ကာလအတွင်း မုံရွာ-ဟုမ္မလင်း ခရီးလမ်းအား ပြဒါးရှင် ရေယာဉ်ဖြင့် အပတ်စဉ် တနင်္လာနေ့ တိုင်းပြေးဆွဲ သွားမည် ဖြစ်ပါသည်။ မုံရွာမြို့မှ တနင်္လာနေ့ (ဝ၆:ဝ၀) နာရီ အချိန်တွင် စတင် ထွက်ခွာပြီး၊ (၂) ညအိပ် (၃) ရက်ခရီးဖြင့် ဗုဒ္ဓဟူးနေ့တွင် ဟုမ္မလင်းမြို့ သို့ ရောက်ရှိကာ၊ ကြာသပတေးနေ့ နံနက် (ဝ၆:ဝ၀) နာရီ အချိန်တွင် ဟုမ္မလင်းမြို့မှ ပြန်လည် ထွက်ခွာပြီး မုံရွာမြို့သို့ သောကြာနေ့တွင် ပြန်လည်ရောက် ရှိမည်ဖြစ် ပါသည်။
  • မုံရွာ-ဟုမ္မလင်း ခရီးစဉ် စတင်ပြေးဆွဲသည့် အထိမ်းအမှတ် ဖွင့်ပွဲ အခမ်းအနားကို စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့ရှိ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဆိပ်ကမ်းတွင် (၃.၇.၂၀၁၇) ရက် တနင်္လာနေ့ နံနက် ရေယာဉ် စတင် မထွက်ခွာမီ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်း တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွှန့်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှုးကြီး ကျော်သန့်နိုင် တို့ ထွက်ခွာမည့် ရေယာဉ်ပေါ်သို့ တက်ရောက် ကြည့်ရှု့ စစ်ဆေးခဲ့ပြီး ရေယာဉ် ထွက်ခွာသည့်အခါ ခရီးသည်များအား လက်ပြ နှုတ်ဆက် ခဲ့ကြပါသည်။
  • အဆိုပါ ခရီးစဉ်အား ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် မိုးမြင့်ကြယ် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ဧရာဝတီ ဌာနခွဲမှ ပြဒါးရှင် ရေယာဉ်ဖြင့် ပြေးဆွဲပေးခြင်းဖြစ် ပါသည်။ ခရီးသည် လိုက်ပါမှုအပေါ် မူတည်၍ ဧရာဝတီဌာနခွဲ မှရေယာဉ်များ ထပ်မံ အားဖြည့် ပြေးဆွဲပေး သွားမည်ဖြစ် ပါသည်။ ရေယာဉ်၏ ခရီးသည်နှင့် ကုန်စည် တင်နိုင်စွမ်းအားမှာ ခရီးသည် ခရီးတို (၄၈၂) ဦး၊ ခရီးရှည် (၂၄၀) ဦး၊ ကုန် (၂၃၆) တန် တင်ဆောင် နိုင်ပါသည်။
  • ခရီးသည်ခ နှုန်းထားမှာ ရိုးရိုးတန်း မုံရွာမှ မင်းကင်း ၃၀ဝ၀ ကျပ်၊ ကလေးဝ ၄၀ဝ၀ ကျပ်၊ မော်လိုက် ၆၀ဝ၀ ကျပ်၊ ဖောင်းပြင် ၇၀ဝ၀ ကျပ်၊ သောင်သွပ်နှင့် ဟုမ္မလင်း ၇၅၀ဝ ကျပ်၊ ဦးခန်း မင်းကင်း ၆၀ဝ၀ ကျပ်၊ ကလေးဝ ၇၀ဝ၀ ကျပ်၊ မော်လိုက် ၁၀ဝ၀ဝ ကျပ်၊ ဖောင်းပြင် ၁၃၀ဝ၀ ကျပ်၊ သောင်သွပ်နှင့် ဟုမ္မလင်း ၁၅၀ဝ၀ ကျပ်၊ ပထမတန်း (အိပ်ခန်း) မင်းကင်း ၈၀ဝ၀ ကျပ်၊ ကလေးဝ ၁၂၀ဝ၀ ကျပ်၊ မော်လိုက် ၁၅၀ဝ၀ ကျပ်၊ ဖောင်းပြင် ၁၈၀ဝ၀ ကျပ်၊ သောင်သွပ်နှင့် ဟုမ္မလင်း ၂၀ဝ၀ဝ ကျပ်ဖြစ်ပါသည်။
monywa hommalin

 

monywa hommalin