“နိုင်ငံတော် သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့ ထားသော ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း ၍ ပြည်ထောင်စု လွှတ်တော်က နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်အတိုင်း အတည်ပြု”

“နိုင်ငံတော် သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့ ထားသော ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း ၍ ပြည်ထောင်စု လွှတ်တော်က နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်အတိုင်း အတည်ပြု”

  • [၁၄-၇-၂၀၁၇] ရက် (သောကြာနေ့) တွင် ကျင်းပပြုလုပ်သည့် ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး (၁၁) ရက် မြောက်နေ့တွင် နိုင်ငံတော် သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန် လည်ပေးပို့ ထားသော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ ၏လေ့လာ တွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို (၁၁.၇.၂၀၁၇) ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ဖတ်ကြား တင်ပြခဲ့ပြီး၊ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် အမည်စာရင်း ပေးပို့ ထားသည့် လွှတ်တော် ကိုယ်စားလှယ် မရှိသဖြင့် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ သဘောထား မှတ်ချက် အပေါ်မူတည်ပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရန်အတွက် ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ဖတ်ကြား တင်သွင်းရန် ပြည်ထောင်စု လွှတ်တော် နာယက က ဖိတ်ခေါ်ခဲ့ ပါသည်။
  • ထို့နောက် ဥပဒေကြမ်း ပူးပေါင်း ကော်မတီ ကိုယ်စားကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး (ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်-၃) က ဖတ်ကြား တင်သွင်းရာတွင် “ဥပဒေကြမ်း ပူးပေါင်း ကော်မတီ အနေဖြင့် ဥပဒေကြမ်း၏ အပိုဒ် ၁၅ အပိုဒ်ခွဲ (က) ကို နိုင်ငံတော် သမ္မတ၏ သဘောထား မှတ်ချက်အတိုင်း” “ပုဒ်မ ၁၄ အရ ချမှတ်သည့် စီမံခန့်ခွဲရေး ဆိုင်ရာ အမိန့်ကို မကျေနပ်သူသည် ယင်းဒဏ်ငွေ ကို ပေးသွင်းပြီး အဆိုပါ အမိန့် ချမှတ်သည့် နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ဦးဆောင် ညွှန်ကြားရေးမှူးထံ အယူခံ ဝင်နိုင်သည်။” ဆိုသည့် ပြင်ဆင်ချက်ကို လွှတ်တော်က အတည်ပြု ပေးနိုင်ပါရန် တင်သွင်း ပါသည်။
  • ဆက်လက်၍ ပြည်ထောင်စု လွှတ်တော် နာယက က “အဆိုပါ ဥပဒေကြမ်း၏ အပိုဒ် ၁၅ အပိုဒ်ခွဲ (က) သည် နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်အတိုင်း  ဥပဒေကြမ်း၏ အစိတ်အပိုင်း ဖြစ်ကြောင်းနှင့် အဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆို အတည်ဖြစ်ကြောင်း ကြေငြာ ခဲ့ပါသည်။
  • ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး လွှတ်တော်က ဆုံးဖြတ် ထားသည့်အတိုင်း ပြင်ဆင်ပြီး ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၀၉ နှင့်အညီ နိုင်ငံတော် သမ္မတ ထံသို့ ပြန်လည် ပေးပို့ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
     
july_14_law

 

july_14_law

 

july_14_law