ဦးဌေးအောင် အင်ဂျင်နီယာ မှူးကြီးအား ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ အထွေထွေ မန်နေဂျာ ရာထူးသို့ တိုးမြှင့် ခန့်အပ်

ဦးဌေးအောင် အင်ဂျင်နီယာ မှူးကြီးအား ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ အထွေထွေ မန်နေဂျာ ရာထူးသို့ တိုးမြှင့် ခန့်အပ်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ  ၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ အမိန့် အမှတ် (၁၅၄/၂၀၁၇)

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ  ၇ ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၁၇)၏ သဘောတူဆုံးဖြတ်ချက်ရ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ လစာနှုန်းကျပ် (၃၄၀ဝ၀ဝ-၄၀ဝ၀-၃၆၀ဝ၀ဝ) အင်ဂျင်နီယာမှူးကြီး ဦးဌေးအောင်အား ယင်းဌာနတွင် လစ်လပ်လျက်ရှိသော လစာနှုန်း ကျပ် (၃၈၀ဝ၀ဝ-၄၀ဝ၀-၄၀ဝ၀ဝ၀) အထွေထွေမန်နေဂျာ ရာထူးနေရာသို့ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းမှစ၍ တိုးမြှင့် ခန့်ထားကြောင်း သတင်းရရှိပါသည်။