"မြန်မာ−ဂျပန် စီးပွားရေး လုပ်ငန်းများ တွေ့ဆုံပွဲ ဖိုရမ် (Myanmar-Japan Business Matching Forum) အခမ်းအနားတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး အမှာစကား ပြောကြား"

"မြန်မာ−ဂျပန် စီးပွားရေး လုပ်ငန်းများ တွေ့ဆုံပွဲ ဖိုရမ် (Myanmar-Japan Business Matching Forum) အခမ်းအနားတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး အမှာစကား ပြောကြား"

  • မြန်မာ−ဂျပန် စီးပွားရေး လုပ်ငန်းများ တွေ့ဆုံပွဲ ဖိုရမ် (Myanmar-Japan Business Matching Forum) အခမ်းအနားအား ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၂၈) ရက်နေ့ နေ့လည် (၁၀:ဝ၀) နာရီ အချိန်၌ ရန်ကုန်မြို့ PARKROYAL ဟိုတယ်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း တက်ရောက် အမှာစကား ပြောကြားခဲ့ပြီး “ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ကဏ္ဍ၏ လက်ရှိ အနေအထားနှင့် အနာဂါတ် ဖွံ့ဖြိုး တိုးတက်မှု အလားအလာများ” ကို ဆွေးနွေး တင်ပြခဲ့ပါသည်။
  • အဆိုပါ အခမ်းအနားသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အောက်ရှိ ရေကြောင်းဆိုင်ရာ ဌာနများမှ ဌာနအကြီး အကဲများနှင့် အရာထမ်းများ၊ ငါးလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ Japan Ship Machinery and Equipment Association (JSMEA) မှ ဥက္ကဌ Mr. Shinzo Yamada ဂျပန်နိုင်ငံ မြေယာ၊ အဆောက်အအုံ သယ်ယူ ပို့ဆောင်ရေးနှင့် ခရီး သွားလာရေး ဝန်ကြီးဌာန (MLIT) မှ နိုင်ငံတကာ ရေးရာရုံး သင်္ဘော တည်ဆောက်ရေးနှင့် သင်္ဘော စက်ယန္တရား ဌာနခွဲ၊ ရေကြောင်းဗျူရို ညွှန်ကြားရေးမှူး Mr. Jun Kohno ၊ အရှေ့တောင်အာရှ ငါးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ဗဟိုဌာနမှ နည်းပညာ ဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Tetsuya Kawashima, JSMEA မှ ဒုတိယဥက္ကဌ နှင့် JSMEA အဖွဲ့ဝင် ဂျပန်နိုင်ငံ ကုမ္ပဏီ အသီးသီးမှ စီးပွားရေး လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ပုဂ္ဂလိက ရေကြောင်း လုပ်ငန်းရှင်များ တက်ရောက်ကြ ပါသည်။
  • အဆိုပါ မြန်မာ−ဂျပန် စီးပွားရေး လုပ်ငန်းများ တွေ့ဆုံပွဲ ဖိုရမ် (Myanmar-Japan Business Matching Forum)အား Japan Ship Machinery and Equipment Association (JSMEA) က ကြီးမှူး ကျင်းပခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေကြောင်း သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ယခုထက် ပိုမို ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် လိုအပ်ချက်များကို မြန်မာ-ဂျပန် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်နိုင်စေရန် ကနဦး တွေ့ဆုံကြခြင်း ဖြစ်ကြောင်း သတင်း ရရှိပါသည်။
     
myanmar_japan_forum

 

myanmar_japan_forum

 

myanmar_japan_forum

 

myanmar_japan_forum

 

myanmar_japan_forum

 

myanmar_japan_forum

 

myanmar_japan_forum

 

 myanmar_japan_forum