စစ်တွေနှင့် တောင်ကုတ်မြို့များရှိ IWT ဆိပ်ကမ်းများတွင် Japan နိုင်ငံမှ ထုတ်လုပ်သည့် ဖိုက်ဘာ ဆိပ်ခံများဖြင့် ချိတ်ဆက်ထားသော ဆိပ်ခံ တံတား (၂) စင်း တပ်ဆင် ပြီးစီး

စစ်တွေနှင့် တောင်ကုတ်မြို့များရှိ IWT ဆိပ်ကမ်းများတွင် Japan နိုင်ငံမှ ထုတ်လုပ်သည့် ဖိုက်ဘာ ဆိပ်ခံများဖြင့် ချိတ်ဆက်ထားသော ဆိပ်ခံ တံတား (၂) စင်း တပ်ဆင် ပြီးစီး

  • Japan's Grant Aid for the Economic and Social Development Programme for the Republic of the Union of Myanmar (FY 2016) အရ ဂျပန်နိုင်ငံတွင် အသုံးပြုဆဲ ရေယာဉ်(၂) စီးနှင့် Technical assistance တို့အတွက် အကူအညီ ပေးအပ်ခဲ့ရာ "ကစ္ဆပနဒီ-၁" နှင့် "ကစ္ဆပနဒီ-၂" ရေယာဉ် (၂) စီးမှာ ရခိုင်ပြည်နယ် အတွင်း ရောက်ရှိ၍ အသုံးပြုလျှက် ရှိပါသည်။
  • Technical assistance အတွက် ယခင်က ဟောင်းနွမ်း၍ ချောင်းအတွင်း သောင်ထွန်းကာ ရေယာဉ်များ ဆိုက်ကပ်ရန် အဆင်မပြေသော စစ်တွေမြို့ ဆိပ်ခံ တံတားနှင့် တောင်ကုတ်မြို့ရှိ ပျက်စီးနေသော ကွန်ကရစ် ဆိပ်ခံ တံတားများ အတွက် IWT ရေယာဉ်များ ဆိုက်ကပ်၍ ခရီးသည်များ လွယ်ကူ ချောမွေ့စွာ အတက်/အဆင်း ပြုလုပ်နိုင်ရေး ဖိုင်ဘာ ဆိပ်ခံ (၂) စင်း တပ်ဆင် အသုံးပြုရေး စီမံကိန်း (Project) ကို ညှိနှိုင်း တောင်းခံခဲ့ပါသည်။
  • အဆိုပါ ဆိပ်ခံတံတား (၂) စင်း၏ ကျသင့် တန်ဖိုးမှာ ဂျပန်ယန်း (၉၀.၂၄) သန်း ရှိကာ ဂျပန်နိုင်ငံရှိ Japan International Cooperation System (JICS) က ဂျပန်နိုင်ငံတွင် တင်ဒါခေါ်ယူခဲ့ပြီး၊ တင်ဒါ အောင်မြင်သူ HELICOM CORPORATION INC က ၄င်းတို့ အစီအစဉ်ဖြင့် စံချိန် စံညွှန်း နှင့်အညီ ဂျပန်နိုင်ငံတွင် အပိုင်းလိုက် တည်ဆောက်ကာ ပင်လယ်ကူး သင်္ဘောကြီးဖြင့် တင်ဆောင်၍ ပြည်ပမှ တိုက်ရိုက် တင်သွင်း လာခဲ့ပြီး၊ ရန်ကုန် ဆိပ်ကမ်းသို့ (၁၇.၅.၂၀၁၈) ရက်နေ့တွင် ရောက်ရှိခဲ့ပါသည်။
  • ဆိပ်ခံတံတား တပ်ဆင်ခြင်း လုပ်ငန်းကို ဂျပန် အင်ဂျင်နီယာ ပညာရှင်များနှင့် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး ဝန်ထမ်းများမှ ပူးပေါင်း၍ (၂၇.၅.၂၀၁၈) ရက်နေ့မှ စတင်၍ ဆောင်ရွက်ခဲ့ရာ စစ်တွေဆိပ်ကမ်းကို (၈.၆.၂၀၁၈) နေ့ တွင် လည်းကောင်း၊ တောင်ကုတ် ဆိပ်ကမ်းကို (၂.၇.၂၀၁၈) ရက်နေ့တွင် လည်းကောင်း ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။
  • အဆိုပါ ဆိပ်ခံမှာ ဖိုက်ဘာ အမျိုးအစားဖြစ်ပြီး အတိုင်းအတာမှာ အလျား ၃၀ မီတာ၊ ဗျက် ၆ မီတာနှင့် ဇောက် ၁ မီတာရှိပါသည်။ ကုန်းပတ်တွင် သစ်မာသားဖြင့် ခင်းထားပြီး ဖိုက်ဘာ ဗော အရေအတွက် ၉၀ လုံးဖြင့် ဆက်စပ် တည်ဆောက် ထားရှိပါသည်။ အဆိုပါ ဆိပ်ခံသို့ အလူမီနီယံဖြင့် ပြုလုပ်ထားသည့် အလျား ၁၀ မီတာ၊ အနံ ၂ မီတာ နှင့် လက်ရန်းတန်း အမြင့် ၁.၁ မီတာ ရှိသည့် အတက်/အဆင်း တံတားဖြင့် ကမ်းကပ်ခုံကို ချိတ်ဆက် ထားရှိသဖြင့် ရေယာဉ်များ ကပ်ခွာစဉ်နှင့် ခရီးသည်များ အဆင်ပြေစွာ အတက်/အဆင်း သွားလာနိုင်ပါသည်။ အဆိုပါ ဆိပ်ခံ တံတားများတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ရေယာဉ်များ ဆိုက်ကပ် အသုံးပြုသွားမည် ဖြစ်ပါသည်။
     
fiber_facts

 

sittwe_jetty

 

 sittwe_jetty

 

taung_goke_jetty