ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဝန်ထမ်း မိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်း အခမ်းအနား ကျင်းပ

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဝန်ထမ်း မိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်း အခမ်းအနား ကျင်းပ

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဝန်ထမ်း မိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို ၁၃၈၀ ခုနှစ်၊ ဒုတိယ ဝါဆိုလဆန်း (၈) ရက်၊ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့ နံနက် (ဝ၉:၃၀) နာရီအချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်)၊ ကွပ်ကဲ ခန်းမရှိ ဘုရားခန်းတွင် ကျင်းပ ပြုလုပ်ပါသည်။ အဆိုပါ အခမ်းအနားသို့ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ အထွေထွေ မန်နေဂျာ ဦးဌေးအောင်၊ ဌာနမှူးများ၊ ဌာနခွဲမှူးများ တက်ရောက်၍ ဒလမြို့နယ် မြို့မ ဇေယျဝတီ ကျောင်းတိုက်မှ ဆရာတော် သံဃာတော် (၅) ပါးကို ဝါဆို သင်္ကန်း၊ ဝတ္ထု အလှူငွေနှင့် လှူဖွယ်ခြင်းများအား ကပ်လှူခြင်းနှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ပါသည်။
 

waso_donation

 

waso_donation

 

waso_donation

 

waso_donation

 

waso_donation