“ဘီးလင်းမြို့နယ်တွင် ရေဘေး ကူညီ ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ သံလွင် ဌာနခွဲမှ ဝန်ထမ်းများကို စုဖွဲ့ စေလွှတ်။”

“ဘီးလင်းမြို့နယ်တွင် ရေဘေး ကူညီ ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ သံလွင် ဌာနခွဲမှ ဝန်ထမ်းများကို စုဖွဲ့ စေလွှတ်။”

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် လက်တလော ဖြစ်ပွားနေသော ရေကြီး ရေလျှံမှု များကြောင့် ရေဘေး ကူညီ ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများကို ဒေသခံ အဖွဲ့များဖြင့် ပူးပေါင်း ဆောင်ရွက်ရန် အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ သံလွင် ဌာနခွဲ၊ မော်လမြိုင်မြို့မှ ရေအုပ် ၄ (တ) ဦးသော်တာ ဦးစီးသည့် ဝန်ထမ်း (၂၁) ဦးကို စနစ်တကျ စုဖွဲပြီး (၂၈.၇.၂၀၁၈) ရက်​နေ့ နံနက် ဝ၈:၃၀ နာရီ အချိန်တွင် မြန်မာ့အလှ ကုမ္ပဏီက စီစဉ်ပေးသော ကား ၂ စီးဖြင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့ ဒေသသို့ စေလွှတ်ခဲ့ပါသည်။

အဆိုပါ အဖွဲ့နှင့်အတူ အသက်​ကယ် ​​ဘောကွင်း (၁၂) ကွင်း၊ အသက်​ကယ်​ အင်​ကျီ (၁၀ဝ) ထည်၊ နိုင်​လွန် ​သင်္ဘောကြိုးကြီး (၁) ​ချောင်း တပါတည်း ပါရှိသွား ပါသည်။ ရေဘေး ကူညီ ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများကို ဒေသခံ အဖွဲ့များ ဖြင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
 

beelin_save

 

beelin_save