ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း မြောင်းမြမြို့ မြစ်ကူး ဇက်ကူးတို့ လမ်းများ၊ လပွတ္တာမြို့ လပွတ္တလုတ်-ရေပေါ်ကြီး ဇက်ကူးတို့လမ်း နှင့် ညောင်ချောင်းလေး-ငပုတော ဇက်ကူးတို့လမ်း ပြေးဆွဲနေမှု အခြေအနေကို သွားရောက် ကြည့်ရှု့၊ စစ်

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း မြောင်းမြမြို့ မြစ်ကူး ဇက်ကူးတို့ လမ်းများ၊ လပွတ္တာမြို့ လပွတ္တလုတ်-ရေပေါ်ကြီး ဇက်ကူးတို့လမ်း နှင့် ညောင်ချောင်းလေး-ငပုတော ဇက်ကူးတို့လမ်း ပြေးဆွဲနေမှု အခြေအနေကို သွားရောက် ကြည့်ရှု့၊ စစ်ဆေး ဆောင်ရွက်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း သည် ဒုတိယ အထွေထွေ မန်နေဂျာ ဦးဝင်းကိုအောင် နှင့်တာဝန်ရှိသူများ လိုက်ပါလျှက် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့ ဝ၄:၃၀ အချိန်တွင် ရန်ကုန်မြို့မှ မော်တော်ယာဉ် ဖြင့် ထွက်ခွာ လာခဲ့ရာ ဝ၉:၂၅ အချိန်တွင် မြောင်းမြ တစ်ဖက်ကမ်း ကွယ်လွယ် ဇက်ဆိပ်သို့ ရောက်ရှိ ပြီး၊ ဇက်ဆိပ်ကမ်းတွင် ဌာနပိုင် ဇက်-၁၁၁ ရေယာဉ်ပေါ်မှ မော်တော်ယာဉ်များ တင်၊ ချ ပြုလုပ်နေမှု အခြေအနေကို ကြည့်ရှု့ စစ်ဆေးပါသည်။

ထို့နောက် ဝ၉:၄၇ အချိန်တွင် ဇက်-၁၁၁ ရေယာဉ်ဖြင့် ကွယ်လွယ် ဇက်ဆိပ်မှ ထွက်ခွာခဲ့ရာ ဇက်ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများ၊ ခရီးသည်များနှင့် တွေ့ဆုံကာ ဌာန ရေယာဉ်များဖြင့် ခရီးသွားလာ ကြရာတွင် အဆင်ပြေမှု ရှိ၊ မရှိ လိုအပ်ချက်များရှိ ၊မရှိ တို့ကို မေးမြန်းခြင်း၊ ရေယာဉ်ဝန်ထမ်းများ ရေယာဉ် ကိုင်တွယ် မောင်းနှင်နေမှု အခြေအနေ၊ စက်များ၏ အခြေအနေများကို ကြည့်ရှု့ စစ်ဆေးခဲ့ ပါသည်။ ၁၀:ဝ၀ အချိန်တွင် မြောင်းမြ ဇက်ဆိပ်သို့ ရောက်ရှိခဲ့ပါသည်။ မြောင်းမြ ဇက်ဆိပ်ကမ်းတွင် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၊ ဧရာဝတီတိုင်း ဒေသကြီးမန်နေဂျာ ဦးကျော်ထူးအောင်၊ မြစ်ဝကျွန်းပေါ် ဌာနခွဲမှ အင်ဂျင်နီယာမှူး ဦးဝင်းဦး၊ မြောင်းမြ မြို့နယ် မန်နေဂျာ ဦးညီညီစန်း နှင့် ဇက်ဆိပ်ကမ်း ကြီးကြပ်သူများ နှင့် တွေ့ဆုံ၍ ဇက် အတက်အဆင်း လမ်းအခြေအနေ၊ ရေယာဉ်များ၏ ကြံ့ခိုင်မှု အခြေအနေ၊ နေ့စဉ် ပြေးဆွဲနေမှု အခြေအနေတို့ကို ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။

ထိုနောက် မြောင်းမြ ကူးတို့ ဆိပ်ကမ်းသို့ သွားရောက်၍ ခရီးသည် တင်ဆောင် နေသည့် စောမာလာ ကူးတို့ ရေယာဉ် ပေါ်သို့ တက်ရောက်ပြီး၊ ခရီးသည်များ လိုက်ပါမှု အခြေအနေ၊ ရေယာဉ် ကြံ့ခိုင်မှု အခြေအနေ၊ ခရီးသည်များ အန္တရာယ် ကင်းရှင်း စေရေးအတွက် ဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှု့ စစ်ဆေးပြီး၊ ရေယာဉ် ဝန်ထမ်းများနှင့် တွေ့ဆုံကာ ရေယာဉ်နှင့် ခရီးသည်များ အန္တရာယ် ကင်းရှင်းရေး အထူး အလေးဂရုပြု ဆောင်ရွက်ကြရန်၊ စေတနာထား ဆောင်ရွက်ကြရန် မှာကြားပါသည်။ ဆက်လက်၍ ဇက်-၁၀၇ ရေယာဉ်ပေါ်သို့ တက်ရောက်ကာ ရေယာဉ်၏ ကြံ့ခိုင်မှု အခြေအနေကို ကြည့်ရှု့ စစ်ဆေးပါသည်။ ဇက်-၁၀၇ ရေယာဉ်ပေါ်တွင် အဆိုပါ ရေယာဉ် ဝန်ထမ်းများ နှင့် တွေ့ဆုံကာ လိုအပ်မည့် ရေယာဉ်ပြင် ပစ္စည်းများ ဖြည့်ဆည်း ပေးနိုင်ရေးအတွက် တာဝန်ရှိသူ များနှင့် ဆက်စပ် ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ပါသည်။

ထိုနောက် မြောင်းမြမြို့မှ မော်တော်ယာဉ်ဖြင့် လပွတ္တာမြို့သို့ ဆက်လက် ထွက်ခွာခဲ့ရာ ၁၂:၃၅ အချိန်တွင် လပွတ္တာမြို့ လပွတ္တလုတ် ဇက်ဆိပ်ကမ်းသို့ ရောက်ရှိပြီး၊ လပွတ္တလုတ်-ရေပေါ်ကြီး ဇက်ကူးတို့လမ်း ပြေးဆွဲနေမှု အခြေအနေ၊ ဆောက်လုပ်ရေးမှ ဆောင်ရွက်လျှက်ရှိသော ဇက် အတက်/ အဆင်း ကွန်ကရစ်လမ်းနှင့် ကားလှည့်ကွင်း ကွန်ကရစ်ခင်း ပြုပြင်နေမှု အခြေအနေ၊ ဇက်-၁၁၀ ရေယာဉ်နှင့် စက် ကြံ့ခိုင်မှု အခြေအနေတို့ကို ကြည့်ရှု့ စစ်ဆေးပါသည်။  ဇက်ရေယာဉ် ပေါ်တွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေ၊ ဝန်ထမ်းများ၏ စားဝတ်နေရေး အခြေအနေတို့ကို မေးမြန်းကာ လိုအပ်ချက်များအား စီစဉ် ဆောင်ရွက်ပေးခြင်း၊ အဆိုပါ ဇက်ကူးတို့လမ်းသည် ပင်လယ် ထွက်ပေါက်ဝတွင် တည်ရှိသဖြင့် မိုးတွင်းကာလ မိုးလေ ပြင်းထန်ပါက လှိုင်းကြီးသဖြင့် အထူး သတိထားမောင်းနှင် သွားလာကြရန် လမ်းညွှန် မှာကြားခဲ့ပါသည်။ ဆက်လက် ၍ လပွတ္တာမြို့နယ် မန်နေဂျာရုံးနှင့် သင်္ဘောဆိပ်အား ကြည့်ရှု့ စစ်ဆေးပြီး ၁၄:၂၀ အချိန်တွင် လပွတ္တာမြို့မှ ပြန်ထွက်ခွာခဲ့ ပါသည်။

ဆက်လက်၍ လပွတ္တာ၊ ငပုတောလမ်းခွဲမှတစ်ဆင့် ငပုတော တစ်ဘက်ကမ်း ညောင်ချောင်း လေး ဆိပ်ကမ်းသို့ သွားရောက်ပြီး၊ ညောင်ချောင်းလေး ဆိပ်ကမ်းတွင် ဇက်ရေယာဉ် ဆိုက်ကပ်နိုင်မှု အခြေအနေကို ကြည့်ရှု့ စစ်ဆေးပြီး ၁၆:ဝ၀ အချိန်တွင် ပြန်လည် ထွက်ခွာလာခဲ့ရာ မြောင်းမြမြို့ ဇက်ဆိပ်ကမ်းသို့ ၁၆:၅၀ အချိန် ရောက်ရှိပါသည်။ ထို့နောက် ရေနယား (၁) ရေယာဉ်ဖြင့် ကွယ်လွယ် ဘက်ကမ်းသို့ ကူး၍ မော်တော်ယာဉ်ဖြင့် ပြန်လည် ထွက်ခွာခဲ့ရာ ရန်ကုန်မြို့သို့ ၂၄:၂၀ အချိန်တွင် ပြန်လည် ရောက်ရှိခဲ့ပါသည်။

မြောင်းမြမြစ်ကူး ကြိုးတံတား ပြတ်ကျသွားခဲ့ပြီး နောက်ပိုင်း ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်မှု မရှိစေရေးအတွက် မြောင်းမြကူးတို့လမ်းတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနပိုင် ဇက်ရေယာဉ် (၃) စီး၊ လူစီး နှစ်ထပ် ရေယာဉ် (၂) စီးတို့ဖြင့် (၅.၄.၂၀၁၈) ရက် နေ့မှ စတင်၍ နေ့စဉ် အခမဲ့ ပြေးဆွဲ ပေးလျှက်ရှိရာ (၁၄.၈.၂၀၁၈) ရက်နေ့အထိ အသွား/အပြန် ခေါက်ရေ ပေါင်း (၁၀၂၂၁) ခေါက် ပြေးဆွဲပေးခဲ့ပြီး၊ ကားကြီး (၂၂၀၈၃) စီး၊ ကားလတ် (၄၂၉) စီး၊ ကားသေး (၂၃၅၀၇) စီး၊ သုံးဘီး (၃၅) စီး၊ ထော်လာဂျီ (၇၀) စီး၊ ဆိုင်ကယ် (၁၇၉၄၁၁) စီး၊ ထွန်စက် (၃) စီး၊ စက်ဘီး (၇၁၁၅) စီးနှင့် ခရီးသည် (၄၃၅၆၀၃) ဦး တို့ကို အခမဲ့ ပို့ဆောင် ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။
 

zat_107

 

services

 

myaung_mya_jetty

 

 myaung_mya_jetty

 

 truck

 

 

truck

 

asking_drivers

 

crossing

 

myaung_mya_jetty

 

myaung_mya_jetty

 

myaung_mya_jetty

 

myaung_mya_jetty

 

checking

 

checking

 

asking

 

nyaung_chaung_lay

 

nyaung_chaung_lay

 

nyaung_chaung_lay