“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဝန်ထမ်း မိသားစုများ၏ ဧက ဒသမ အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ကျင်းပ”

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နှင့်ဇနီး ဒေါက်တာ ဒေါ်ခင်သန်းအေး တို့အား အမှူးထား၍ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဝန်ထမ်း မိသားစုများ၏ ဧက ဒသမ အကြိမ်မြောက် စုပေါင်း မဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို ၁၃၈၀ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၇) ရက်၊ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက် (ဗုဒ္ဓဟူးနေ့) နံနက် (ဝ၉:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ အမှတ် (၅၀)၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်)၊ ကွပ်ကဲ ခန်းမတွင် ကျင်းပ ပြုလုပ်ပါသည်။

အဆိုပါ အခမ်းအနားသို့ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာ ဝိစိတ္တာရာမ (မွန်) ကျောင်းတိုက် ဆရာတော် သာသန နုဂ္ဂဟ ဓမ္မာစရိယ၊ သာသနဟိတ ကာရီ ဓမ္မာစရိယ ဒေါက်တာ အရှင်ပညာသီရိ (မေတ္တာရှင်-ကြယ်တစ်ပွင့်) အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း၊ အထွေထွေ မန်နေဂျာ ဦးဌေးအောင်၊ ဌာမှူးများ၊ ဌာနခွဲမှူးများနှင့် ၄င်းတို့၏ ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြည်ညိုကြပါသည်။
 

 kahtain_donation

 

kahtain_donation

 

kahtain_donation

 

kahtain_donation