ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း ပြည်မြို့တွင် ရောက်ရှိ နေသည့် ငြိမ်းချမ်းရေး တွဲလက်များ၏ ငြိမ်းချမ်းရေး ခရီးစဉ် ပြည်ကြီးတံခွန် (၄) ရေယာဉ်ပေါ်သို့ သွားရောက် ကြည့်ရှု့ အားပေး။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်ဝင်း သည် ဒုတိယ အထွေထွေ မန်နေဂျာ (ပို့ဆောင်ရေး) ဦးဝင်းကိုအောင်၊ လ/ထ အထွေထွေ မန်နေဂျာ (မြစ်ဝ) ဦးသိန်းမြင့် နှင့် မန်နေဂျာ ဦးစိုးမြင့်ဆွေ တို့ လိုက်ပါလျှက် ရန်ကုန်မြို့မှ ပြည်မြို့သို့ (၃၀.၁၁.၂၀၁၈) ရက်နေ့ (ဝ၄:၅၅) နာရီ အချိန်တွင် ထွက်ခွာခဲ့ရာ (၁၁:၃၀) နာရီ အချိန်တွင် ပြည်မြို့သို့ ရောက်ရှိပြီး၊ ပြည်မြို့ သင်္ဘောဆိပ်ကမ်းတွင် ဆိုက်ကပ် ထားသည့် ပြည်ကြီးတံခွန် (၄) ရေယာဉ်ပေါ်သို့ တက်ရောက်၍ ငြိမ်းချမ်းရေး တွဲလက်များ အဖွဲ့ ခေါင်းဆောင် Rev.ဦးသိန်းလွင် နှင့် အဖွဲ့ဝင်များကို တွေဆုံ အားပေးပါသည်။

ထို့နောက် ဦးဆောင် ညွှန်ကြားရေးမှူးသည် ရေယာဉ်ပေါ်တွင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပနေမှု အခြေအနေကို ကြည့်ရှု့ပြီးနောက် ပဲခူးတိုင်း ဒေသကြီး မန်နေဂျာရုံး တာဝန်ခံနှင့် ဒေသခံ ဝန်ထမ်းများ၊ ပြည်ကြီးတံခွန် (၄) ရေယာဉ်ပေါ်တွင် လိုက်ပါ တာဝန် ထမ်းဆောင်လျှက် ရှိကြသည့် ကြီးကြပ်သူ အရာထမ်းများ၊ ရေယာဉ် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ခရီးစဉ် တစ်လျှောက် အန္တရာယ် ကင်းရှင်း ရေးအတွက် အထူးအလေးထား ဂရုတစိုက် ခုတ်မောင်း သွားလာရေး၊ ငြိမ်းချမ်းရေး တွဲလက်များ အဖွဲ့အတွက် လိုအပ်သည်များကို စေတနာထား ဆောင်ရွက်ပေးရေး တို့ကို လမ်းညွှန် မှာကြားပါသည်။

ငြိမ်းချမ်းရေး တွဲလက်များ၏ ငြိမ်းချမ်းရေး ခရီးစဉ်ကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဧရာဝတီ ဌာနခွဲမှ "ပြည်ကြီးတံခွန် (၄)" ရေယာဉ်ဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့အထိ (၁၅.၁၁.၂၀၁၈) ရက် နေ့မှ (၁၁.၁၂.၂၀၁၈) ရက် နေ့ထိ ရက်ပေါင်း (၂၇) ရက်ကြာ ဧရာဝတီမြစ် ကြောင်းတစ်လျှောက် စုန်ဆင်း၍  ဆိပ်ကမ်းကြီး များတွင် ဆိုက်ကပ်ရပ်နားကာ ဆိုက်ကပ်ရာ ဆိပ်ကမ်း မြို့ကြီးများနှင့် အနီးအနားရှိ မြို့/ရွာများသို့ သွားရောက်၍ ငြိမ်းချမ်းရေး အထိမ်းအမှတ် ပိုစတာ စိုက်ထူပွဲ အခမ်းအနားများ ကျင်းပခြင်း၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ငြိမ်းချမ်းရေး လက်မှတ် ကောက်ခံပွဲများ ပြုလုပ်ခြင်းနှင့် ငြိမ်းချမ်းရေး ဂီတ ဖျော်ဖြေပွဲများ ပြုလုပ် လျှက်ရှိပါသည်။

"ပြည်ကြီးတံခွန် (၄)" ရေယာဉ်သည် (၁၆.၁၁.၂၀၁၈) ရက်နေ့၊ နံနက် (ဝ၈:၂၀) နာရီ အချိန်တွင် မန္တလေးမြို့မှ စတင်ထွက်ခွာခဲ့ပြီး လမ်းခရီး တစ်လျှောက်ရှိ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ဆီမီးခုံမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ စလေမြို့၊ ရေနံချောင်းမြို့၊ မကွေးမြို့၊ နတ်မောက်မြို့၊ မင်းလှမြို့၊ မီးချောင်းရဲမြို့နှင့် သရက်မြို့ တို့တွင် ငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့ပြီး၊ ပြည်မြို့ ဆိပ်ကမ်းသို့ (၃၀.၁၁.၂၀၁၈) ရက်နေ့ (ဝ၉:၄၀) နာရီအချိန်တွင် ရောက်ရှိခဲ့ပါသည်။ (၃၀.၁၁.၂၀၁၈) ရက် နေ့နှင့် (၁.၁၂.၂၀၁၈) ရက်နေ့တို့တွင် ပြည်မြို့တွင် ရပ်နား၍ ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ (၂.၁၂.၂၀၁၈) ရက်နေ့တွင် မြန်အောင်မြို့၊ (၃.၁၂.၂၀၁၈) ရက်နေ့တွင် ရွှေကျင်မြို့၊ (၄.၁၂.၂၀၁၈) ရက်နေ့တွင် ပျဉ်းကတိုးကျွန်း၊ (၅.၁၂.၂၀၁၈) ရက်နေ့တွင် ဟင်္သာတမြို့၊ (၆.၁၂.၂၀၁၈) ရက် နေ့တွင် ဇလွန်မြို့၊ (၇.၁၂.၂၀၁၈) ရက် နေ့တွင် ဓနုဖြူမြို့၊ (၈.၁၂.၂၀၁၈) ရက်နေ့တွင် ညောင်တုန်းမြို့၊ (၉.၁၂.၂၀၁၈) ရက် နေ့တွင် မအူပင်မြို့၊ (၁၀.၁၂.၂၀၁၈) ရက်နေ့တွင် တွံတေးမြို့နှင့် (၁၁.၁၂.၂၀၁၈) ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိကာ ငြိမ်းချမ်းရေး ခရီးစဉ် ပြီးဆုံးမည် ဖြစ်ကြောင်း သိရသည်။
 

u_zaw_win

 

pyigye_ta_gon_ship

 

u_zaw_win

 

u_zaw_win

 

u_zaw_win

 

pyigye_ta_gon_ship

 

pyigye_ta_gon_ship