ငြိမ်းချမ်းရေး တွဲလက်များ၏ ငြိမ်းချမ်းရေး ခရီးစဉ် "ပြည်ကြီးတံခွန် (၄)" ရေယာဉ် ရန်ကုန်မြို့သို့ (၁၁.၁၂.၂၀၁၈) ရက်နေ့ (၀၉:၃၀) နာရီ အချိန်တွင် ရောက်ရှိပြီး ငြိမ်းချမ်းရေး ရေယာဉ် ခရီးစဉ် ပြီးဆုံး။

ငြိမ်းချမ်းရေး တွဲလက်များ၏ ငြိမ်းချမ်းရေး ခရီးစဉ်ကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဧရာဝတီ ဌာနခွဲမှ "ပြည်ကြီးတံခွန် (၄)" ရေယာဉ်ဖြင့် မန္တလေးမြို့မှ ရန်ကုန်မြို့အထိ (၁၅.၁၁.၂၀၁၈) ရက် နေ့မှ (၁၁.၁၂.၂၀၁၈) ရက် နေ့ထိ ရက်ပေါင်း (၂၇) ရက်ကြာ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် စုန်ဆင်း၍  ဆိပ်ကမ်းကြီးများတွင် ဆိုက်ကပ် ရပ်နားကာ ဆိုက်ကပ်ရာ ဆိပ်ကမ်း မြို့ကြီးများနှင့် အနီး အနားရှိ မြို့/ရွာများသို့ သွားရောက်၍ ငြိမ်းချမ်းရေး အထိမ်းအမှတ် ပိုစတာ စိုက်ထူပွဲ အခမ်းအနားများ ကျင်းပခြင်း၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ ငြိမ်းချမ်းရေး လက်မှတ် ကောက်ခံပွဲများ ပြုလုပ်ခြင်းနှင့် ငြိမ်းချမ်းရေး ဂီတ ဖျော်ဖြေပွဲများ ပြုလုပ် လျှက် ရှိပါသည်။

"ပြည်ကြီးတံခွန် (၄)" ရေယာဉ်သည် (၁၆.၁၁.၂၀၁၈) ရက်နေ့၊ နံနက် (ဝ၈:၂၀) နာရီ အချိန်တွင် မန္တလေးမြို့မှ စတင် ထွက်ခွာခဲ့ပြီး (၁၆.၁၁.၂၀၁၈) ရက် နေ့တွင် စစ်ကိုင်းမြို့၊ (၁၇.၁၁.၂၀၁၈) ရက် နေ့တွင် မြင်းမူမြို့၊ (၁၈.၁၁.၂၀၁၈) ရက် နေ့တွင် ဆီမီးခုံမြို့၊ (၁၉.၁၁.၂၀၁၈) ရက် နေ့တွင် ပခုက္ကူမြို့၊ (၂၀.၁၁.၂၀၁၈) ရက် နေ့တွင် ညောင်ဦးမြို့၊ (၂၁.၁၁.၂၀၁၈) ရက် နေ့တွင် ချောက်မြို့၊ (၂၂.၁၁.၂၀၁၈) ရက် နေ့တွင် စလေမြို့၊ (၂၃.၁၁.၂၀၁၈) ရက် နေ့တွင် ရေနံချောင်းမြို့၊ (၂၄.၁၁.၂၀၁၈) ရက် နေ့တွင် မကွေးမြို့ ၄င်းမှ တစ်ဆင့် (၂၅.၁၁.၂၀၁၈) ရက် နေ့တွင် နတ်မောက်မြို့၊ (၂၆.၁၁.၂၀၁၈) ရက် နေ့တွင် မင်းလှမြို့၊ (၂၇.၁၁.၂၀၁၈) ရက် နေ့တွင် မီးချောင်းရဲမြို့၊ (၂၈.၁၁.၂၀၁၈) ရက် နေ့တွင် အောင်လံမြို့၊ (၂၉.၁၁.၂၀၁၈) ရက် နေ့တွင် သရက်မြို့၊ (၃၀.၁၁.၂၀၁၈) ရက် နေ့နှင့် (၁.၁၂.၂၀၁၈) ရက် နေ့တို့တွင် ပြည်မြို့၊ (၂.၁၂.၂၀၁၈) ရက် နေ့တွင် မြန်အောင်မြို့၊ (၃.၁၂.၂၀၁၈) ရက် နေ့တွင် ရွှေကျင်မြို့၊ (၄.၁၂.၂၀၁၈) ရက် နေ့တွင် ပျဉ်းကတိုးကျွန်း၊ (၅.၁၂.၂၀၁၈) ရက် နေ့တွင် ဟင်္သာတမြို့၊ (၆.၁၂.၂၀၁၈) ရက် နေ့တွင် ဇလွန်မြို့၊ (၇.၁၂.၂၀၁၈) ရက် နေ့တွင် ဓနုဖြူမြို့၊ (၈.၁၂.၂၀၁၈) ရက်နေ့တွင် ညောင်တုန်းမြို့၊ (၉.၁၂.၂၀၁၈) ရက် နေ့တွင် မအူပင်မြို့၊ (၁၀.၁၂.၂၀၁၈) ရက် နေ့တွင် တွံတေးမြို့ သို့ရောက်ရှိခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

"ပြည်ကြီးတံခွန် (၄)" ရေယာဉ်သည်  (၁၀.၁၂.၂၀၁၈) ရက်နေ့၌ တွံတေးမြို့တွင် ညအိပ် ရပ်နားခဲ့ပြီး၊ (၁၁.၁၂.၂၀၁၈) ရက်နေ့ နံနက် (၀၆:၁၀) နာရီတွင် တွံတေးမြို့မှ ဆက်လက် ထွက်ခွာလာခဲ့ရာ ရန်ကုန်မြို့၊ ကျန်းမာရေး ဆိပ်ကမ်းသို့ (၀၉:၃၀) နာရီတွင် ရောက်ရှိခဲ့ပြီး၊ ငြိမ်းချမ်းရေး ရေယာဉ် ခရီးစဉ် ပြီးဆုံးခဲ့ကြောင်း သိရသည်။
 

pyigye_ta_gon_ship

 

pyigye_ta_gon_ship

 

pyigye_ta_gon_ship

 

pyigye_ta_gon_ship

 

pyigye_ta_gon_ship

 

pyigye_ta_gon_ship

 

pyigye_ta_gon_ship