“ကစ္ဆပနဒီ-၃” အမြန် ရေယာဉ်ကို တင်ဆောင်လာသည့် ရေယာဉ်တင် သင်္ဘောကြီး "M.V ISUZU (Voy.No.034)" ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းမှ စတင် ထွက်ခွာ။

ဂျပန်နိုင်ငံမှ The Economic and Social Development Programme FY 2016 အစီအစဉ်အရ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲတွင် အသုံးပြုရန်အတွက် ဂျပန်နိုင်ငံ ပြည်သူများက ပေးအပ် လှူဒါန်းသည့် ကမ်းရိုးတန်းသွား “ကစ္ဆပနဒီ-၃” အမြန် ရေယာဉ် အသစ်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Sumidagawa Shipyard တွင် တည်ဆောက်ခဲ့ရာ ပြီးစီးပြီ ဖြစ်သဖြင့် “ကစ္ဆပနဒီ-၃” ရေယာဉ်ကို ရေယာဉ်တင် သင်္ဘောကြီး "MV V  ISUZU VOY.NO.034" ပေါ်သို့တင်ဆောင်ပြီး ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းမှ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့တွင် ခွာလာခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါ ရေယာဉ်တင် သင်္ဘောကြီးသည် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့သို့ ခန့်မှန်း မတ်လ (၁၀) ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ပါသည်။
 

yokohama_jetty

 

yokohama_jetty

 

yokohama_jetty