လုံခြုံရေး ခွေးဖြင့် မိုင်းနှင့် မူးယစ်ဆေးဝါး ရှာဖွေခြင်း လက်တွေ့ လေ့ကျင့်ခန်းများ ပြုလုပ်
အမှတ်(၁) တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အတတ်သင်ကျောင်း၌ ဖွင့်လှစ်လျက် ရှိသည့် လုံခြုံရေး ခွေးဖြင့် မိုင်းနှင့် မူးယစ်ဆေးဝါး ရှာဖွေခြင်း သင်တန်း အမှတ်စဉ် (၁၆) မှ သင်တန်းသား ခွေးကိုင် စစ်သည် ၃၈ ဦးနှင့် လုံခြုံရေး ခွေး ၃၈ ကောင်တို့ဖြင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ် ဌာနခွဲ၊ ပန်းဆိုးတန်း မြို့နယ် မန်နေဂျာရုံး အနီးတဝိုက်၊ နန်းသီတာ ဆိပ်ခံတံတား အဆောက်အဦများတွင် မိုင်းနှင့် မူးယစ်ဆေးဝါး ရှာဖွေခြင်း လက်တွေ့ လေ့ကျင့်ခန်း များကို (၁၈-၂-၂၀၁၉) ရက်နေ့ (၀၈၃၀) နာရီမှ (၀၉၃၀) နာရီထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။



