“ကစ္ဆပနဒီ-၃” အမြန် ရေယာဉ်ကို တင်ဆောင်လာသည့် ရေယာဉ်တင် သင်္ဘောကြီး "M.V ISUZU (Voy.No.034)" ကျောက်ဖြူ ဆိပ်ကမ်းသို့ မတ်လ (၈) ရက်နေ့ နံနက်တွင် ရောက်ရှိမည်။
ဂျပန်နိုင်ငံမှ The Economic and Social Development Programme FY 2016 အစီအစဉ် အရ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင် ဌာနခွဲတွင် အသုံးပြုရန် အတွက် ဂျပန်နိုင်ငံ ပြည်သူများက ပေးအပ် လှူဒါန်းသည့် ကမ်းရိုးတန်းသွား “ကစ္ဆပနဒီ-၃” အမြန် ရေယာဉ် အသစ်ကို ရေယာဉ်တင် သင်္ဘောကြီး "MV V ISUZU (VOY.NO.034)" ပေါ်သို့ တင်ဆောင်ပြီး ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းမှ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့တွင် ခွာလာခဲ့ရာ အဆိုပါ ရေယာဉ်တင် သင်္ဘောကြီးသည် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့သို့ ခန့်မှန်း မတ်လ (၈) ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိမည် ဖြစ်ပါသည်။



