“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဝန်ထမ်း မိသားစုများ၏ ဝါဆို သင်္ကန်း ဆက်ကပ် လှူဒါန်းခြင်း အခမ်းအနား ကျင်းပ”
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဝန်ထမ်း မိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခြင်း အခမ်းအနားကို ၁၃၈၁ ခုနှစ်၊ ဝါခေါင်လဆန်း (၁) ရက်၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့ နံနက် (၀၉၃၀) နာရီ အချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး(ရုံးချုပ်)၊ ကွပ်ကဲ ခန်းမရှိ ဘုရားခန်းတွင် ကျင်းပ ပြုလုပ်ပါသည်။ အဆိုပါ အခမ်းအနားသို့ ခေတ္တ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ ဌာနမှူးများ၊ ဌာနခွဲမှူးများ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်၍ ဒလမြို့နယ် မြို့မ ဇေယျဝတီ ကျောင်းတိုက်မှ ဆရာတော် သံဃာတော် (၅) ပါးကို ဝါဆို သင်္ဃန်း၊ ၀တ္ထုအလှူငွေနှင့် လှူဖွယ်ခြင်း များအား ကပ်လှူခြင်းနှင့် နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ခဲ့ပါသည်။













