မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်သည့် နေ့စဉ်မိုးလေဝသသတင်း

ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အ­­­ကျဉ်းချုပ် လွန်ခဲ့သော (၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ ညအပူချိန်များမှာ ချင်းပြည်နယ်တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်အောက် (၅)ဒီဂရီစ င်တီဂရိတ်နှင့် စစ်ကိုင် းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ် တို့တွင် ဖေဖော်ဝါရီ၏ ပျမ်းမျှအပူချိန် တို့အောက် (၂)ဒီဂရီ စင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ ပဲခူးတိုင်း ဒေသကြီးတွင် ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန် ထက် (၂)ဒီဂရီစင်တီဂရိတ်နှင့် ရန်ကုန်တိုင်း ဒေသကြီးတွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ထက် (၄)ဒီဂရီ စင်တီဂရိတ်ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဖေဖော်ဝါရီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် (-၄)ဒီဂရီစင်တီဂရိတ်၊ ရမ်ကလောင်းတွင် (၃)ဒီဂရီ စင်တီဂရိတ်၊ တီးတိန်မြို့တွင် (၄)ဒီဂရီ စင်တီဂရိတ်၊ နမ့်စန်မြို့ နှင့် ဟဲဟိုးမြို့တို့တွင် (၅)ဒီဂရီ စင်တီဂရိတ်စီနှင့် မိုင်းယန်းမြို့၊ မင်းတပ်မြို့နှင့် မိုးကုတ်မြို့တို့တွင် (၆)ဒီဂရီ စင်တီဂရိတ်စီတို့  ဖြစ်ကြ ပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ် ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေ ပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်တနင်္သာရီ တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင် ပါသည်။ ရွာရန်ရာနှုန်း (၆၀) ဖြစ်ပါသည်။ စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် မွန်ပြည်နယ်တို့ တွင် တိမ် အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၇)ပေခန့် ရှိနိုင်ပါသည်။

နောက်()ရက်အတွက်ခန့်မှန်းချက် တစ်ပြည်လုံးတွင် ညအပူချိန်များ လျော့နည်းနေမည်။

 နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။           သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။               သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။             သာယာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအ‌နေ            

အမြင့်ဆုံးအပူချိန်                         - (၃၄.၄)ဒီဂရီစင်တီဂရိတ် (၉၄)ဒီဂရီဖာရင်ဟိုက်   (၁၁ - ၀၂ - ၂၀၂၀)

အနိမ့်ဆုံးအပူချိန်                        - (၁၅.၆)ဒီဂရီစင်တီဂရိတ် (၆၀)ီဂရီဖာရင်ဟိုက်    (၁၂ - ၀၂ - ၂၀၂၀)

(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ         - (၆၅)ရာခိုင်နှုန်း  (၁၂ - ၀၂ - ၂၀၂၀)

မိုးရေချိန်                                    - မရှိပါ  (၁၂ - ၀၂ - ၂၀၂၀)

နေပြည်တော်လေဆိပ်(ဧလာ)နှင့်အနီးတစ်ဝိုက်တွင်ဖြစ်ပေါ်ခဲ့သော မိုးလေ၀သအခြေအ‌နေ

အမြင့်ဆုံးအပူချိန်                         - (၃၄.၀)ဒီဂရီစင်တီဂရိတ် (၉၃)ဒီဂရီဖာရင်ဟိုက်   (၁၁ - ၀၂ - ၂၀၂၀)

အနိမ့်ဆုံးအပူချိန်                         - (၁၄.၀)ဒီဂရီစင်တီဂရိတ် (၅၇)ဒီဂရီဖာရင်ဟိုက်  (၁၂ - ၀၂ - ၂၀၂၀)

(၀၉:၃၀)နာရီအချိန်စိုထိုင်းဆ         - (၆၅)ရာခိုင်နှုန်း  (၁၂ - ၀၂ - ၂၀၂၀)

မိုးရေချိန်                                    - မရှိပါ  (၁၂ - ၀၂ - ၂၀၂၀)

မိုးရေချိန်

ရက်စွဲ

နေပြည်တော်

ရန်ကုန်(ကမ္ဘာအေး)

မန္တလေး

၁၂ - ၂ - ၂၀၂၀

မရှိပါ

                မရှိပါ

 မရှိပါ

- ၁-၂၀၂၀ မှ ယနေ့အထိ

(၀.၀၄)လက်မ 

                မရှိပါ

 (၀.၉၅)လက်မ

နေပြည်တော်၏ အများဆုံးလေတိုက်နှုန်းမှာ (၁၂-၂-၂၀၂၀)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် အနောက်တောင်ဘက်မှ တစ်နာရီ လျှင် (၂)မိုင်နှုန်းခန့် တိုက်ခတ်ခဲ့ပါသည်။