ပန်းဆိုးတန်း-ဒလ ကူးတို့လမ်းတွင် (၂၈-၁၀-၂၀၂၁) ရက်နေ့မှစ၍ ခေါက်ရေများတိုးချဲ့ပြေးဆွဲပါမည်။
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝကျွန်းပေါ်ဌာနခွဲရှိ ပန်းဆိုးတန်း-ဒလ ကူးတို့လမ်းတွင် ခရီးသည်များ ပိုမို အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် (၂၈-၁၀-၂၀၂၁) ရက်နေ့မှစ၍ ရုံးဖွင့်ရက်များတွင် လက်ရှိ (၃၀) ခေါက်မှ (၃၂) ခေါက်သို့လည်းကောင်း၊ ရုံးပိတ်ရက်များတွင် လက်ရှိ (၂၀) ခေါက်မှ (၂၄) ခေါက်သို့လည်းကောင်း အောက်ပါအတိုင်း ခေါက်ရေ တိုးမြှင့် ပြေးဆွဲသွားမည် ဖြစ်ပါသည်-

