ရတနာပုံသင်္ဘောကျင်း

yatanarbon dockyard

yatanarbondockyard

(၁)

တည်နေရာ

အမှတ်(၃၆၅)၊ (၄၁)လမ်းထိပ်၊ မဟာအောင်မြေမြို့နယ် ၊ မန္တလေးတိုင်းဒေသကြီး။

(၂)

အကျယ်အဝန်း

၁၂.၁၁ ဧက

(၃)

စတင်တည်ထောင်သည့်ခုနှစ်

၁၈၆၄ ခုနှစ်

(၄)

လွန်းကျင်းလမ်းပေါင်း

၁ လမ်း

(၅)

ကျင်းတင်နိုင်သောရေယာဉ်စီးရေ

၅ စီး

၁၈၅၃ ခုနှစ်တွင် ရတနာပုံ သင်္ဘောကျင်း အမည်ဖြင့် စတင် တည်ရှိခဲ့ပြီး ၁၈၈၅ ခုနှစ်တွင် ဧရာဝတီ ဖလိုတီလာ ကုမ္ပဏီမှ လွဲပြောင်း လက်ခံ ရယူလျက် ရေယာဉ် ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက် ခဲ့ပါသည်။ အကျယ်အဝန်းအားဖြင့် ၈.၉၄ ဧက ရှိပါသည်။ ရတနာပုံ သင်္ဘောကျင်းကို ၁၈၆၄ ခုနှစ်တွင် မင်းတုန်းမင်းကြီး၏ အိမ်ရှေ့စံ ကနောင် မင်းသားကြီး ကိုယ်တိုင် တည်ဆောက်ခဲ့သည့် သက်တမ်း (၁၄၇) နှစ်ကျော်ပြီ ဖြစ်သည်။ မင်းတုန်းမင်းပိုင် ရေယာဉ် များ ပြင်ဆင်ရန် တည်ဆောက် ခဲ့ခြင်း ဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။ (၉၃) နှစ် ကျော်ခန့် အင်္ဂလိပ်တို့၏ လက်တွင်း ကျရောက်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဇွန်လ (၁) ရက်နေ့ တွင် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးသည် နိုင်ငံတော်ပိုင် အဖွဲ့အစည်း တစ်ခု ဖြစ်လာခဲ့သည်။ ရတနာပုံ သင်္ဘောကျင်း သည် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင် သင်္ဘောကျင်း တစ်ခု ဖြစ်ခဲ့သည်။ သင်္ဘောကျင်း အနေအထားများအရ ဌာနပိုင် ရေယာဉ် များ ပြင်ဆင်ရာတွင် မိုင် ငါးရာခန့် ကွာဝေးသည့် ရန်ကုန်သို့ သယ်ယူ၍ အလုံနှင့် ဒလ သင်္ဘောကျင်း တွင် ပြုပြင်ခဲ့ရသည်။ အချိန်၊ ငွေကြေး၊ စက်သုံးဆီ များစွာ ကုန်ကျသည့် အားနည်းချက် များ ပြုပြင်ရန် ရတနာပုံ သင်္ဘောကျင်းအား အဆင့်မြင့် ပြုပြင်မှု ပြုလုပ်ခဲ့ရာ ၂၀ဝ၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့တွင် တန် (၃၀ဝ) တင်နိုင်သည့်၊ တစ်ကြိမ် လျှင် ရေယာဉ် (၅) စီး ကျင်းတင် ပြုပြင်နိုင်သည့် သင်္ဘောကျင်းအဖြစ် ရောက်ရှိ ခဲ့သည်။ ဧရာဝတီ ဌာနခွဲရှိ စက်ရှိ/စက်မဲ့ ရေယာဉ် များအား ပြု ပြင် မွမ်းမံပေးလျက် ရှိသည်။
 

yatanarbon dockyard

yatanarbon dockyard

yatanarbon dockyard

ရတနာပုံ သင်္ဘောကျင်းတွင် သင်္ဘောများ ကျင်းတင်နေပုံ

yatanarbon dockyard