သံလွင်သင်္ဘောကျင်း

 thanlwin dockyard

(၁)

တည်နေရာ

ကမ်းနားလမ်း ၊ မုတ္တမမြို့။

(၂)

အကျယ်အဝန်း

၁၈.၈၆ ဧက

(၃)

စတင်တည်ထောင်သည့်ခုနှစ်

၂၀၀၁ ခုနှစ်

(၄)

လွန်းကျင်းလမ်းပေါင်း

၂ လမ်း

(၅)

ကျင်းတင်နိုင်သောရေယာဉ်စီးရေ

၂ စီး

သံလွင် သင်္ဘော ကျင်းသည် မော်လမြိုင်မြို့ ဖက်တန်းရပ်တွင် မြန်မာ လုပ်ငန်းရှင် ဦးနာအောက်မှ ၁၉၁၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ၎င်းပိုင် သင်္ဘောများအားပြု ပြင်ခဲ့ပြီး ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီနှင့် ယှဉ်ပြိုင် ဆောင်ရွက် ခဲ့သည်။ နောက်ပိုင်းတွင် ၎င်းပိုင် သင်္ဘောနှင့် သင်္ဘောကျင်းအား ဧရာဝတီ ဖလော်တီလာ ကုမ္ပဏီသို့ ရောင်းချ ခဲ့ရသည်။ ဒုတိယ ကမ္ဘာစစ် ကာလက ဂျပန်တပ်ပိုင် စစ်သင်္ဘောများအား ပြုပြင်ရာ၌ အသုံးပြုခဲ့သည်။ ဧရာဝတီ ဖလော်တီလာအား နိုင်ငံပိုင်အဖြစ် ပြောင်းလဲ ချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင် ဌာနအောက်ရှိ သင်္ဘောကျင်းအဖြစ် ရပ်တည်ခဲ့ပါသည်။ မော်လမြိုင် ကမ်းနားလမ်း အဆင့်မြင့် တည်ဆောက်ရေး စီမံချက်အရ အဆိုပါ သင်္ဘောကျင်းအား ၁၉၉၇-၉၈ မှ စ၍ မုတ္တမမြို့ ဆီဆုံ ရပ်ကွက်ရှိ မြေ (၂၃) ဧကပေါ်တွင် အသစ် ပြန်လည် တည်ဆောက်ခဲ့သည်။ ၂၀ဝ၁ ခုနှစ်၊ ဧပြီလတွင် သင်္ဘောကျင်းသစ်အား ဖွင့်လှစ်နိုင်ခဲ့ပြီး သံလွင်ဌာနခွဲမှ ရေယာဉ် များအား မွမ်းမံ ပြင်ဆင်ပေးလျက် ရှိသည်။ တစ်ကြိမ်လျှင် ရေယာဉ် (၂) စင်း ကျင်းတင် ပြင်ဆင်နိုင်ပြီး တန် (၃၀ဝ) ရေယာဉ်များ လွန်းကျင်းတင် ပြုပြင်နိုင်သည့် သင်္ဘောကျင်း ဖြစ်သည်။
 

yatanarbon dockyard

မုတ္တမသင်္ဘောကျင်းတွင် သင်္ဘောများ ကျင်းတင်နေပုံ

thanlwin dockyard