ဒဂုံဆိပ်ကမ်းသင်္ဘောကျင်း

(၁) | တည်နေရာ | အကွက်အမှတ် (၇၃)၊ မြန္ဒာလမ်း နှင့် ပုဏ္ဏမီလမ်းကြား၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး |
(၂) | အကျယ်အဝန်း | ၄၄.၅၇၆ ဧက |
(၃) | စတင်တည်ထောင်သည့်ခုနှစ် | ၂၀၁၃ ခုနှစ် |
(၄) | လွန်းကျင်းလမ်းပေါင်း | ၁၄ လမ်း |
(၅) | ကျင်းတင်နိုင်သောရေယာဉ်စီးရေ | ၃၁ စီး |
၁၉၀၄ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ပြီး အလုံ ဖောင်ဒရီဟု အမည်တွင် ခဲ့သည့် ရန်ကုန်မြို့ အမှတ် (၇၀၇)၊ ကမ်းနားလမ်း၊ သခင်မြ ပန်းခြံရှေ့ရှိ အလုံ သင်္ဘောကျင်းအား မြန်မာ့ စက်မှုဆိပ်ကမ်းသို့ လွှဲပြောင်းပေးပြီး ၄င်းနေရာ အစား ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အကွက် အမှတ် (၇၃) ၊မြန္ဒာလမ်း နှင့် ပုဏ္ဏမီလမ်းကြားတွင် သင်္ဘောကျင်း အသစ် တည်ဆောက်ပြီး ဒဂုံ ဆိပ်ကမ်း သင်္ဘောကျင်း အမည်ဖြင့် အလုံ သင်္ဘောကျင်း လုပ်ငန်းများ ပြောင်းရွှေ့ ဆောင်ရွက် ခဲ့ပါသည်။

