ပြည်တွင်းရေကြောင်းပို့ဆောင်ရေးသမိုင်းကြောင်း
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ရုံးချုပ်)


ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၏ မူလ အဖွဲ့အစည်းမှာ ၁၈၆၅ ခုနှစ်တွင်စတင် တည်ထောင်ခဲ့ သည့် Irrawaddy Flotilla Co., Ltd မှအခြေတည် ဆင်းသက်လာခဲ့ပြီး ခေတ်အဆက် ဆက် အောက်ပါအတိုင်းပြောင်းလဲ ဖွဲ့စည်းလာခဲ့ရာ နှစ်ပေါင်း (၁၅၀) ကျော် သက်တမ်းရှိခဲ့သည့် မြန်မာနိုင်ငံ၏ ရေကြောင်းသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ဆယ်စုနှစ်ပေါင်းများစွာအလွန်အရေး ပါခဲ့ပြီး သမိုင်းအစဥ်အလာကောင်းခဲ့သော ဌာနကြီး တစ်ခုဖြစ်ပါသည်။
၁၉၄၈ ခုနှစ်၊ ဇွန်လ (၁)ရက်နေ့တွင် “ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေးအဖွဲ့” (Inland Water Transport Board)
၁၉၇၂ ခုနှစ်၊ မတ်လ (၁)ရက်နေ့တွင် “ရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း” (Inland Water Transport Corporation)
၁၉၈၉ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် “ပြည်တွင်းရေကြောင်းပို့ဆောင်ရေး” (Inland Water Transport)
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့တွင် “ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့” (The Board of Inland Water Transport)
၂၀၁၇ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့တွင် “ပြည်တွင်းရေကြောင်းပို့ဆောင်ရေး” (Inland Water Transport)
ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးတွင် လက်ရှိ ရေယာဉ်အင်အား စက်ရှိ/စက်မဲ့ စုစုပေါင်း (၂၀၈) စီး အသုံးပြုပြီး နှစ်စဉ် ခရီးသည် ပျှမ်းမျှ (၁၅.ဝ၆) သန်း ခန့်နှင့် ကုန်တန်ချိန် ပျှမ်းမျှ (၂.ဝ၇) သန်းခန့် သယ်ယူ ပို့ဆောင်ပေးလျက် ရှိသည့် အဖွဲ့အစည်းကြီး တစ်ခုဖြစ် ပါသည်။ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၏ မူလ ရည်မှန်းချက်မှာ ခရီးသွား ပြည်သူများ ဈေးနှုန်း ချိုသာစွာဖြင့် သွားလာနိုင်ရေးနှင့် ကုန်ကျစရိတ် အသက်သာဆုံး နည်းလမ်းဖြင့် နိုင်ငံတော်၏ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ရေးတို့ ဖြစ်ပါသည်။ ကုန်းလမ်း/ လေကြောင်းလမ်း/ မီးရထားလမ်း စသည့် သယ်ယူ ပို့ဆာင်မှု နည်းလမ်းများ မည်မျှပင် ခေတ်မီ ဖွံ့ဖြိုး တိုးတက် လာစေကာမူ မြန်မာနိုင်ငံ ဒေသ အနှံအပြားရှိ ရေယာဉ်များသွား လာနိုင်သည့် မြစ်များ၊ ချောင်းများကြောင့် ကုန်ကျစရိတ် သက်သာစွာဖြင့် ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင်နိုင်သည့် ရေကြောင်း ပို့ဆောင်မှု လုပ်ငန်းများမှာ မြန်မာနိုင်ငံအတွက် အထူး အရေးပါသော ကဏ္ဍမှ ပါဝင် ဆောင်ရွက်လျက် ရှိပါသည်။
