ချယ်ရီ ကူးတို့ရေယာဉ် (၃) စီး၊ ဒလမြို့ ဆိပ်ကမ်းရှိ ခရီးသည် နားနေဆောင်နှင့် ဆိပ်ခံတံတား (၂) စင်း လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ချယ်ရီ ကူးတို့ရေယာဉ် (၃) စီး၊ ဒလမြို့ ဆိပ်ကမ်းရှိ ခရီးသည် နားနေဆောင်နှင့် ဆိပ်ခံတံတား (၂) စင်း လွှဲပြောင်း ပေးအပ်ပွဲနှင့် ဖွင့်ပွဲ အခမ်းအနား ကျင်းပ

  • ဂျပန်နိုင်ငံအစိုးရ JICA ၏ အထောက်အပံ့ဖြင့် အသစ် တည်ဆောက်ပေး ခဲ့သည့် ချယ်ရီ ကူးတို့ရေယာဉ် (၃) စီး၊ ဒလမြို့ ဆိပ်ကမ်းရှိ ခရီးသည် နားနေဆောင်နှင့် ဆိပ်ခံတံတား (၂) စင်း လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ (၁၅) ရက်နေ့ ၊ နံနက် (၉း၃၀) နာရီတွင် ရန်ကုန်မြို့၊ နန်းသီတာ ဆိပ်ကမ်း၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
  • အဆိုပါ အခမ်းအနားတွင် ပို့ဆောင်ရေး ဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် ၊မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး Mr. Tateshi HIGUCHI ၊ JICA အကြီးအကဲ Mr. Tateshi HIGUCHI နှင့် ဂျပန်နိုင်ငံ MLIT မှ Deputy Director-General Mr. Hiroaki SAKASHITA, JICA Myanmar Office, JFE Engineering, Nippon Koei, Nakatani Shipbuilding နှင့် Fisheries Engineering တို့မှ တာ၀န်ရှိသူများ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ခင် ၊ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဝင်းဖေနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
  • အခမ်းအနားတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင် နှင့်မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးတို့မှ အမှာစကား ပြောကြား ခဲ့ကြပါသည်။
  • မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးမှ ပို့ဆောင်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်သို့ ကူးတို့ရေယာဉ် (၃) စီး နှင့် အထိမ်းအမှတ်သော့တံ လွှဲပြောင်းပေးခြင်း၊ JICA အကြီးအကဲ မှ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဦးဆောင်ညွှန်ကြားရေးမှူး ဦးဝင်းဖေသို့ ကူးတို့ ရေယာဉ် (၃) စီးနှင့် ဒလဘက်ခြမ်းရှိ ခရီးသည် နားနေဆောင်ဆိုင်ရာ စာရွက်စာတမ်းများ လွှဲပြောင်း ပေးအပ်ခြင်း၊ JICA အကြီးအကဲမှ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် ၊ အထွေထွေမန်နေဂျာ ဦးနီအောင်အား (၂) လမ်းသွား ဆိပ်ခံတံတား (၂) စင်းနှင့် သက်ဆိုင်သည့် စာရွက် စာတမ်းများ လွှဲပြောင်းပေးအပ်ခြင်း များပြုလုပ်ခဲ့သည်။
  • ထို့နောက် နန်းသီတာ ဆိပ်ခံတံတားပေါ်တွင် ချယ်ရီ ကူးတို ့ရေယာဉ်သစ် (၃) စီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပြီး ချယ်ရီ ကူးတို့ရေယာဉ်ရှိ ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်၍ အမွှေးနံ့သာများ ပက်ဖြန်းခဲ့သည်။ ဆက်လက်၍ ဒလဘက်ကမ်းရှိ ခရီးသည် နားနေဆောင်နှင့် ဆိပ်ခံတံတား (၂) စင်းတို့အား ဖဲကြိုးဖြတ် ဖွင့်လှစ်ခြင်း၊ ခရီးသည် နားနေဆောင် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်၍ အမွှေးနံ့သာ ပတ်ဖြန်းခြင်းနှင့် ခရီးသည် နားနေဆောင်အတွင်းသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
  • ချယ်ရီ (၃) စီးအား ဂျပန်နိုင်ငံ ဟိရိုရှီးမားမြို့ နာကတာနီ သင်္ဘောကျင်း တွင်ဆောက်လုပ်ခဲ့ပြီး တန်ဖိုး အမေရိကန် ဒေါ်လာ (၁၃) သန်းဖြစ်ပါသည်။ ဒလဆိပ်ကမ်းရှိ ခရီးသည် နားနေဆောင်နှင့် ဆိပ်ခံတံတား (၂) ခုအား ရန်ကုန်မြို့တွင် JFE Engineering, Nippon Koei နှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတို့မှ ပူးပေါင်း တည်ဆောက်ခဲ့ပြီး တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၂.၄) သန်း ကုန်ကျပါသည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁၅.၄) သန်း ကုန်ကျခဲ့ ပါသည်။