အိတ်ဖွင့်လေလံ (Open Bidding) ခေါ်ယူခြင်း

ပို့ဆောင်ရေးဝန်ကြီးဌာန
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး

အိတ်ဖွင့်လေလံ (Open Bidding) ခေါ်ယူခြင်း

  • ပို့ဆောင်ရေးဝန်ကြီးဌာန ၊ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး တွင် ကြာရှည်ရပ်နား ထားပြီး ပြန်လည်ပြုပြင် သုံးစွဲရန် မသင့်လျော်တော့ သည့် ရေယာဉ်/ တွဲယာဉ်ဟောင်း (၃၆) စီးကို   တစ်စီးချင်း အစင်းလိုက် စနစ်ဖြင်‌့ လည်းကောင်း၊ ဒဂုံဆိပ်ကမ်း သင်္ဘောကျင်းရှိ သံရည်ကြို လောင်းတုံး (Ingots) ခန့်မှန်း (၁၅၅.၅၂) တန်ကို အတွဲလိုက် (1 Lot) စနစ်ဖြင့် လည်းကောင်း မျက်မြင် အခြေအနေအတိုင်း အိတ်ဖွင့်လေလံတင် စနစ်ဖြင့် ရောင်းချ မည်ဖြစ် ပါသည်။
  • သံရည်ကြိုလောင်းတုံး အိတ်ဖွင်‌့လေလံ ဖွင်‌့ပွဲအား (၉.၁၂.၂၀၁၄) ရက်နေ့ (၁၄းဝ၀) အချိန်တွင် လည်းကောင်း ၊ရေယာဉ်/ တွဲယာဉ်ဟောင်း (၃၆) စီး၏ အိတ်ဖွင့်လေလံ ဖွင့်ပွဲကို (၁၀.၁၂.၂၀၁၄) ရက်နေ့  (၁၄းဝ၀) အချိန်တွင် လည်းကောင်း ကျင်းပမည်ဖြစ် ပါသည်။
  • လျှောက်လွှာပုံစံနှင့် အသေးစိတ် အချက်အလက်များကို (၂၅.၁၁.၂၀၁၄) နေ့မှ (၈.၁၂.၂၀၁၄) နေ့ (၁၄း၃၀) နာရီအတွင်း အမှတ်(၅၀)၊ ပန်းဆိုးတန်းလမ်း ၊ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်)  ပထမထပ်၊ စီမံရေးရာ ဌာနတွင် ရုံးချိန်အတွင်း လာရောက် ဝယ်ယူစုံစမ်း နိုင်ပါသည်။

လေလံတင် ထုခွဲရောင်းချရေး ကော်မတီ