ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအဖွဲ့ ဥပဒေမူကြမ်းအား (၂၇.၁၁.၂၀၁၄) ရက်နေ့တွင် ကျင်းပပြုလုပ် သည့် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု

“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအဖွဲ့” ဥပဒေမူကြမ်းအား ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု

ပို့ဆောင်ရေး၀န်ကြီးဌာန ၊ပြည်တွင်းရေကြောင်း ပို့ဆောင်အား “ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအဖွဲ့” အမည်ဖြင့် (၂၇.၁၁.၂၀၁၄) ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပထမ အကြိမ်ပြည်ထောင်စု လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန် အစည်းအေ၀း (၃၅) ရက်မြောက်နေ့ အစည်းအေ၀းမှ အတည်ပြု ပြီးဖြစ် ပါသည်။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအဖွဲ့ ဥပဒေတွင် အခန်း (၁၁) ခန်း၊ ပုဒ်မ (၄၁) ခုပါရှိပြီး ဥပဒေ၏ ရည်ရွယ်ချက် များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်-

  • မြန်မာနိုင်ငံ အတွင်းရေယာဉ်များ သွားလာနိုင်သည့်မြစ်များ ၊ချောင်းများနှင့် ကမ်းရိုးတန်း တစ်လျှောက်တွင် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နှင့်ဘေးအန္တရာယ် ကင်းရှင်းပြီး လုံခြုံမှု ရှိစေရန်၊
  • မြန်မာနိုင်ငံ၏ ပြည်တွင်းရေကြောင်း ပို့ဆောင်မှုလုပ်ငန်းကို ဈေးကွက် စီးပွားရေးစနစ် နှင့်အညီ ရေရှည် ရပ်တည်နိုင်သည့် အဖွဲ့အစည်း အဖြစ်ဆောင်ရွက် နိုင်ရန်၊
  • ပြည်သူလူထု၏ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေးတို့တွင် အဓိကကျသည့် ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းရေးကို ထိရောက်စွာ အထောက်အကူပြု နိုင်သည့် သယ်ယူပို့ဆောင်ရေး စနစ်အဖြစ် ဆောင်ရွက်နိုင်ရန်၊
  • အဖွဲ့၏ စီမံအုပ်ချုပ်မှု နှင့်ငွေကြေး သုံးစွဲမှုစနစ် တို့ကိုဈေးကွက် စီးပွားရေး စနစ်နှင့်အညီ စီးပွားရေးဆန်ဆန် လွတ်လပ်စွာဆောင် ရွက်နိုင်ရန်၊
  • ရေကြောင်းပို့ဆောင်ရေး လုပ်ငန်းကို နည်းလမ်းတကျ အကောင် အထည်ဖော်ဆောင် ရွက်ရေးအတွက် အဖွဲ့နှင့် စီမံခန့်ခွဲရေး အဖွဲ့အား လုပ်ပိုင်ခွင့်များ အပ်နှင်းနိုင်ရန်။