“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲ၊ စစ်တွေ-ကျောက်ဖြူ ခရီးလမ်းကို (၁၉.၆.၂၀၁၈) ရက် (အင်္ဂါနေ့) မှ စတင်၍ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲမည်။”

“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲ၊ စစ်တွေ-ကျောက်ဖြူ ခရီးလမ်းကို (၁၉.၆.၂၀၁၈) ရက် (အင်္ဂါနေ့) မှ စတင်၍ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲမည်။”

ယခုတလော ရခိုင်ပြည်နယ်အတွင်း မိုးများ အဆက်မပြတ် ရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ လှိုင်းကြီးနိုင်ခြင်းနှင့် ဆိပ်ကမ်းများ ရေလျှံမှုများ ဖြစ်ပေါ်နေခြင်း တို့ကြောင့် ရေယာဉ်နှင့် ခရီးသည်များ အန္တရာယ် မဖြစ်စေရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲ၊ စစ်တွေမြို့မှ (၁၅.၆.၂၀၁၈) ရက်နေ့တွင် ထွက်ခွာမည့် စစ်တွေ-ကျောက်ဖြူ ခရီးစဉ်ကို ယာယီ ရပ်ဆိုင်း ထားခဲ့ရာ ယခုအခါ ရာသီဥတု ပြန်လည် ကောင်းမွန်လာပြီ ဖြစ်သဖြင့် (၁၉.၆.၂၀၁၈) ရက် (အင်္ဂါနေ့) မှ စတင်၍ ကစ္ဆပနဒီ ရေယာဉ်များဖြင့် အပတ်စဉ် (အင်္ဂါ၊ သောကြာ) နေ့များတွင် ပုံမှန် အတိုင်း ပြန်လည် ပြေးဆွဲပေးသွားမည် ဖြစ်ပါသည်။

sittwe_kyaukphyu

 

sittwe_kyaukphyu