ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် မိုးမြင့်ကြယ် ကုမ္ပဏီ၊ ကြည်သာအောင် ကုမ္ပဏီ တို့ဖြင့် အကျိုးတူ ပူးပေါင်း၍ မုံရွာ-ဟုမ္မလင်း ခရီးလမ်း ပြေးဆွဲမည်

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် မိုးမြင့်ကြယ် ကုမ္ပဏီ၊ ကြည်သာအောင် ကုမ္ပဏီ တို့ဖြင့် အကျိုးတူ ပူးပေါင်း၍ မုံရွာ-ဟုမ္မလင်း ခရီးလမ်း ပြေးဆွဲမည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊  ချင်းတွင်း ဌာနခွဲမှ မုံရွာ/ဟုမ္မလင်း ခရီးစဉ်အား ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် မိုးမြင့်ကြယ် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း၍ (လူစီး/ကုန်တင်) နှစ်ထပ် ပင်လုံ ရေယာဉ်ဖြင့် (၂.၇.၂၀၁၈) ရက် တနင်္လာနေ့မှ စတင်၍ လည်းကောင်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် ကြည်သာအောင် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း၍ ချမ်းငြိမ်း ရေယာဉ်ဖြင့် (၅.၇.၂၀၁၈) ရက် ကြာသပတေးနေ့မှ စတင်၍ လည်းကောင်း တစ်ပတ်လျှင် (၂) ခေါက်နှုန်းဖြင့် အပတ်စဉ် (တနင်္လာ ၊ ကြာသပတေး) နေ့များ၌ မုံရွာမြို့မှ နံနက် (၀၆:၀၀) နာရီအချိန်တွင် ထွက်ခွာပြီး အဆန်ခရီးကို (၂) ညအိပ် (၃) ရက်ဖြင့် လည်းကောင်း၊ အပတ်စဉ် (တနင်္လာ ၊ သောကြာ) နေ့များ၌ ဟုမ္မလင်းမြို့မှ နံနက် (၀၇:၀၀) နာရီ အချိန်တွင် ပြန်လည် ထွက်ခွာပြီး အစုန်ခရီးကို (၁) ညအိပ် (၂) ရက် ခရီးဖြင့် လည်းကောင်း၊ စုစု​ပေါင်း အသွား/အပြန် (၅) ရက် ကြာမြင့်မည် ဖြစ်ပါသည်။ ခရီးလမ်း တစ်လျှောက် မင်းကင်းမြို့၊ ကလေးဝမြို့၊ မော်လိုက်မြို့၊  ဖောင်းပြင်မြို့၊  သောင်သွပ်‌ ဆိပ်ကမ်းများတွင် ဆိုက်ကပ်သွားမည် ဖြစ်ပါသည်။ ​
 

 ship_fees

 

pinlon_ship

 

first_class

 

moemyintkyal

 

channyein